close
Connect with us

Hi, what are you looking for?

သတင်း

မိုင်းလုံမြို့ကို ညအချိန် စစ်တပ်ဗုံးကြဲလို့ ကလေးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သုံးပတ်အတွင်း စစ်တပ် လေကြောင်းတိုက်လို့ TNLAနယ်မြေက ပြည်သူ ၅၀နီးပါး သေဆုံး၊ ၆၀ ကျော် ဒဏ်ရာရ

သုံးပတ်အတွင်း စစ်တပ် လေကြောင်းတိုက်လို့ TNLAနယ်မြေက ပြည်သူ ၅၀နီးပါး သေဆုံး၊ ၆၀ ကျော် ဒဏ်ရာရ

အောက်တိုဘာ-၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မိုင်းလုံမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၂၂ရက်) မနက်အစောမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။

TNLA ထိန်းချုပ်ဒေသတွေကို စစ်ကောင်စီတပ်က လေကြောင်း စစ်ဆင်ရေးဆက်တိုက် လုပ်ဆောင် နေတဲ့ အခြေအနေမှာ ဒီကနေ့ မနက်မှာလည်း တိုက်ပွဲမရှိတဲ့ မန်စံရွာကို ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်လာတာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုတွေရှိခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အောက်တိုဘာ ၁ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ TNLA ထိန်းချုပ်ဒေသတွေကို လေကြောင်း ဗုံးကြဲမှု ၃၄ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နဲ့ မိုးကုတ်စတဲ့ ဒေသတွေက ပြည်သူလူထုနေထိုင်ရာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁၀ဦး၊ အမျိုးသမီး ၂၁ဦး အပါအဝင် စုစုပေါင်း ပြည်သူ ၅၀နီးပါး သေဆုံးကာ ပြည်သူ ၆၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် အဆောက်အဦးမျိုးစုံ ၂၀၀ နီးပါးနဲ့ ကား၊ ဆိုင်ကယ်အပါအဝင် ပြည်သူပိုင်ပစ္စည်းများစွာ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီဟာ တအာင်းဒေသကိုသာမက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုလည်း လေကြောင်း စစ်ဆင်ရေးတွေအရှိန်မြှင့်လုပ်ဆောင်နေပြီး အောက်တိုဘာ ၂၁ရက် တရက်တည်းမှာ KIA ထိန်းချုပ်နယ်မြေက ဝိုင်းမော်၊ ဖားကန့်၊ ဆော့လော် လန်ဆယ်ဒေသ စုစုပေါင်း နေရာ ၁၁နေရာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA က အသိပေးထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်မှုတွေရှိခဲ့တယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပြပါတယ်။

ကချင်နဲ့ တအာင်းဒေသသာမက နိုင်ငံတဝန်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေလို့ ပြည်သူတွေ သတိရှိဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက နှိုးဆော်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ပြည်သူအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းဖြစ်ကြောင်း TNLAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ (၈)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မိုးကုတ်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၂၁ရက် နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃ဦး သေဆုံးပြီး ပြည်သူ ၁၂ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စာသင်ကျောင်းတွေ ပစ်မှတ်ထား ဗုံးကြဲနေလို့ ကျောင်းတွေပိတ်ထားဖို့ ထုတ်ပြန်အပြီးတပတ်အကြာမှာချင်းပြည်နယ်၊ဟားခါးမြို့က စာသင် ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက ဒီနေ့ (အောက်တိုဘာ၂၁ရက်) နေ့လည်ပိုင်းမှာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းက နေရာနှစ်ခုကို စစ်ကောင်စီတပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပါတယ်။