close
Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် တမုတ်ချုံရွာအနီးက စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်

တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးမှုရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - မြိတ်ခရိုင်ရင်း-၂

အောက်တိုဘာ-၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးမှုရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

တနင်္သာရီမြို့နယ် တမုတ်ချုံရွာအနီး တပ်စွဲထားတဲ့ စစ်ကော်စီတပ်ကို တော်လှန်ရေးပူးပေါင်တပ် တွေက အောက်တိုဘာ ၁၆ရက် နံနက်မှာ ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေးဦး သေဆုံးနိုင်တယ်လို့ မြိတ်ခရိုင် တပ်ရင်း(၂)က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးပူးပေါင်းတပ်က ပြန်လည်ဆုတ်ခွာသွားလို့ ဒီကနေ့ အောက်တိုဘာ ၁၉ရက်မှာတော့ တိုက်ပွဲမရှိဘူးလို့ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“အခုတော့ သူတို့လည်း ငြိမ်နေပါတယ်။ တမုတ်ချုံရွာကတော့ ပြန်မဆုတ်သေးပါဘူး။”လို့ သတင်းပြန်ကြားရေး တာဝန်ရှိသူက စစ်ကောင်စီတပ်တွေ ကျေးရွာအနီး ဆက်ရှိနေတဲ့ အခြေအနေကို ပြောပြပါတယ်။

စစ်ကောင်စီတပ်ကို မြိတ်ခရိုင် အမှတ်(၂) တပ်ရင်း၊ တပ်ခွဲ(၂)၊ ကော့သောင်းခရိုင် တပ်ရင်း(၁)၊ Dragon Squad ဒရုန်းတပ်ဖွဲ့၊ တနင်္သာရီမြို့နယ် ပကဖ တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

TNLA နဲ့မဟာမိတ်​တွေထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကိုလည်းဗုံးကြဲ

သတင်း

အောက်တိုဘာအတွင်း TNLA နယ်မြေကိုစစ်တပ်ဗုံးကြဲလို့ ကလေးငယ် ၇ဦးအပါအဝင် ၃၀ဦးကျော် သေဆုံး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ဒေသဖြစ်တဲ့ မိုးမိတ်မြို့ကို ဒီနေ့အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲသွားပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဖလူးကျေးရွာကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ (၈၈၈) ဗျူဟာက စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာရာ ​​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အထိနာသွားတယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Trending

Facebook