အောက်တိုဘာ-၁၄၊၂၀၂၅။မေရီ/People’s Spring
မန္တလေးမြို့၊ ရွှေတချောင်းမြောင်းဘေးရှိ နေအိမ်နဲ့ ဆိုင်ခန်းတွေကိုစစ်ကောင်စီကအင်အားသုံးဖယ်ရှားနေကြောင်း ဒေသခံများက ပြောပါတယ်။
အောက်တိုဘာ၁၁ရက် မနက်ပိုင်းကစပြီး မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၈၆လမ်း၊ရွှေတချောင်းဘေးက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ စည်ပင်ဝန်ထမ်းတွေက လမ်းတွေပိတ်ပြီး ဖယ်ခိုင်းနေကြောင်း Voice Of Mandalay အဖွဲ့က အသိပေးပါတယ်။
ဒါ့အပြင် မြောင်းဘေးတလျှောက် ဖွင့်လှစ်ထားတဲ့ ဆိုင်တွေကိုလည်းဖယ်ရှားနေပြီး ခင်းထားတဲ့ဆိုင်တွေကို သိမ်းယူသွားကြောင်း ဒေသခံများကပြောပါတယ်။

Public Service Announcement
“ ခင်းထားတဲ့ခုံတွေ၊ လှည်းတွေ အကုန်ကားပေါ်တင်သွားတယ်။ ဘယ်လိုက်ရွေးရမှန်းမသိဘူး” လို့ ဒေသခံစျေးသည်တဦးက ပြောပါတယ်။
ဖယ်ရှားခံရတဲ့ နေအိမ်နဲ့ ဆိုင်ခန်းအရေအတွက်ကိုတော့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီဟာပြီးခဲ့တဲ့သြဂုတ်လအတွင်းကလည်းမန္တလေးမြို့ပေါ် ဆိုင်ခန်းတွေကို မှန်တံခါးတပ်ခိုင်းတာတွေ၊ ဆိုင်ရှေ့အဖီထုတ်ထားတာကို ဖျက်ခိုင်းတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ငလျင်ကြီးဒဏ် ကြုံတွေ့ခဲ့ရတဲ့ မန္တလေးမြို့က ဆိုင်ခန်းရှင်တွေဟာ ဆိုင်ခန်းငှားဖို့ အခက်အခဲတွေရှိနေတဲ့ကြားက ယခုလို စစ်ကောင်စီရဲ့ ဖယ်ရှားရှင်းလင်းမှုတွေကြောင့် ပိုပြီးအခက်အခဲ ဖြစ်လာကြောင်း သတင်းရရှိပါတယ်။





















































