close
Connect with us

Hi, what are you looking for?

သတင်း

မဲဇလီဆည်တံတားစစ်ဆေးရေးဂိတ်တိုက်ပွဲမှ စစ်ကောင်စီတပ်သားအလောင်းတွေ ထပ်တွေ့

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့မဲဇလီဆည်တော်ကြိုး တံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်စဥ် သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေ ထပ်မံတွေ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း(၇)က ထုတ်ပြန်ပါတယ်။

မဲဇလီဆည်တံတားစစ်ဆေးရေးဂိတ်တိုက်ပွဲမှ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားအလောင်း။ ဓာတ်ပုံ - PDFမင်းဘူး

အောက်တိုဘာ ၁၄၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့မဲဇလီဆည်တော်ကြိုး တံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်စဥ် သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေ ထပ်မံတွေ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း(၇)က ထုတ်ပြန်ပါတယ်။

နယ်မြေရှင်းလင်းစဉ်မှာ စစ်ကောင်စီတပ်သားနှစ်ဦးရဲ့ ရုပ်အလောင်း ထပ်တွေ့တာလို့ အသိပေးပါတယ်။

“ ၁၁ ရက်နေ့က တစ်ယောက်၊၁၂ ရက်နေ့က တစ်ယောက် စုစုပေါင်း နှစ်ယောက်တွေ့တာ” လို့ ပွင့်ဖြူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၄ ရက်က ပုသိမ်-မုံရွာလမ်းပိုင်းက စစ်ကောင်စီတပ်အထိုင်ချထားတဲ့ မဲဇလီ ဆည်တော်ကြိုး တံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ် နောက်ဆက်တွဲလို့ ဆိုပါတယ်။

တိုက်ခိုက်ခဲ့တဲ့နေ့က စစ်ကောင်စီတပ်သားလေးဦးအလောင်းနဲ့ လက်နက်နဲ့ခဲယမ်းတွေရရှိတယ်လို့ ပွင့်ဖြူ ပကဖက ကနဦး ထုတ်ပြန်ထားပါတယ်။ပွင့်ဖြူပကဖ ၊မင်းဘူးခရိုင် ပကဖ၊မင်းဘူးခရိုင် တပ်ရင်း ၇ နဲ့ တပ်ရင်း ၄ တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့လည်း အသိပေးပါတယ်။

မဲဇလီဆည်တော်စစ်​ဆေးရေးဂိတ်မှာစစ်ကောင်စီတပ်သားတွေအထိုင်ချတပ်စွဲထားတာဖြစ်ပြီး အင်အား ၁၀ ဦးထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပုံသိမ်-မုံရွာလမ်းပိုင်းပေါ်က မဲဇလီ ဆည်တော်ကြိုးတံတားကို အသုံးမပြုဖို့ ပွင့်ဖြူ ပကဖ က တိုက်တွန်းထားပါတယ်။

စစ်ရေးဂိတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က ပွင့်ဖြူမြို့နယ်ထဲ လေကြောင်းကနေ ဗုံးကြဲတာ အပြင် မြေပြင်စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတာ ရှိပါတယ်။

“ အဲဒီအခြေနေအသေးစိတ်ကိုတော့ရှေ့တန်းကသတင်းမပို့လာသေးဘူး” လို့ မင်းဘူးခရိုင်တပ်ရင်း ၇ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ပွင့်ဖြူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စစ်ကြောင်း ထိုးခဲ့ဖူးပြီး သေဆုံးမှုများတာကြောင့် မင်းဘူး(စကု)ဘက်သို့ တပ်ပြန်ဆုတ်သွားရတယ်လို့ ပွင့်ဖြူ ပကဖ က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပွင်ဖြူမြို့နယ်ထဲက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သားလေးဦးသေပြီး လက်နက်နဲ့ ခဲယမ်းတွေရရှိတယ်လို့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ဖို့သွားရာ စစ်ကောင်စီတပ်သားတွေ ကြောက်လန့်ထွက်ပြေးသွားခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ (UGF)က ထုတ်ပြန်ပါတယ်။

သတင်း

စက်တင်ဘာ−၂၄၊ ၂၀၂၅။​နေ့သစ်/People’s Spring ကချင်ပြည်နယ်၊ဆော့လော်မြို့နယ်၊လန်ဆယ်ဒေသတိုက်ပွဲမှာ KIA ကဖမ်းမိခဲ့တဲ့စစ်သုံ့ပန်းတဦးက ​ရှေ့တန်းမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်​တွေကို စစ်တပ်က မူးယစ်​​ဆေးဝါး​တွေ​ကြွေးပြီး စစ်တိုက်ခိုင်း​နေ​ကြောင်း ​ပြောဆိုပါတယ် ။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဟာ စက်တင်ဘာ ၁၉ရက်မှာ KIA သိမ်းထားတဲ့ လန်ဆယ်ဒေသကို ပြန်လည်ရယူနိုင်ရေး ထိုးစစ်ဆင်ခဲ့ရာ ၅ရက်ဆက်တိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။...

သတင်း

ကရင်ပြည်နယ် ၊လှိုင်းဘွဲမြို့နယ်မှာ ခွင့်ပြုချက်မရှိဘဲ ဆန်သယ်ယူပို့ဆောင်တာ ၊ သိုလှောင်တာတွေကို မပြုလုပ်ဖို့ စစ်ကောင်စီရဲ့ထွေအုပ်က အမိန့်ထုတ်ပြန်လိုက်ပြီးနောက် မြို့နယ်အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ တားမြစ်ပိတ်ပင်လာတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။