close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ကြေညာတဲ့ကား ပြည်သူတွေကို ဆဲဆို

မန္တလေးမြို့မှာ စစ်ကောင်စီ ရွေးကောက်ပွဲသတိပေးချက်တွေ လိုက်လံ ကြေညာနေတဲ့ ပျူစောထီးကားက လမ်းပိတ်လို့ဆိုပြီး ပြည်သူတွေကို ဆဲဆိုကြိမ်းမောင်းသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ-၂၉၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးမြို့မှာ စစ်ကောင်စီ ရွေးကောက်ပွဲသတိပေးချက်တွေ လိုက်လံ ကြေညာနေတဲ့ ပျူစောထီးကားက လမ်းပိတ်လို့ဆိုပြီး ပြည်သူတွေကို ဆဲဆိုကြိမ်းမောင်းသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့ညနေပိုင်းမှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေကို ရပ်ကွက်တိုင်းမှာ လော်စပီကာတွေနဲ့လိုက်အော်တယ်လို့ ဆိုပါတယ်။

အဲဒီလိုလိုက်အော်တဲ့ကားဟာ ညနေ၆နာရီခွဲ‌လောက်မှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက် ၆၆လမ်းတလျှောက် လိုက်အော်နေချိန် ကားလမ်းပိတ်လို့ဆိုပြီး လမ်းပေါ်က ပြည်သူတွေကို ဆဲဆိုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အိမ်စီးကားအနက်ရောင်နဲ့လာတာ။ ရှေ့ကတယောက်က စစ်ယူနီ ဖောင်းဝတ်ထားတာ။ သူကမန္တလေးက တက်တူးနဲ့ပျူစောထီးကောင်ပဲ။ လော်စပီကာကိုင်ထားတဲ့သူက အရပ်ဝတ် စွပ်ကျယ်နဲ့။ ယူနီဖောင်းဝတ်ထားတဲ့ကောင်က တလမ်းလုံးကိုဆဲတာ။ ဆဲတာကတော့ တကားလုံးကဆဲတာ။ ပိုဆိုးတာက အဲဒီ‌ကောင်။ ရုံးဆင်းချိန်ဆိုတော့ လမ်းအရမ်းပိတ်နေတဲ့အချိန်။ သူတို့ကားကဖြည်းဖြည်းပဲ မောင်းရတော့ကြောက်တာ နေမှာ။ဘေးကပ်ဆိုပြီး မောင်းနေတဲ့ဆိုင်ကယ်တွေ၊ ကားတွေရော လမ်းဘေးရပ်ထားတဲ့ ကားတွေကိုပါ အော်ဆဲကြတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဆဲဆိုသံကြောင့် အိမ်တွေထဲက ပြည်သူတွေကပါ လမ်းပေါ် ကြောက်လန့်တကြားထွက်ကြည့်ကြပြီး ပျူစောထီးဆိုသူက သေနတ်ပြကာ ဆက်လက်ဆဲဆိုသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာကြေညာလဲဆိုတာ မမှတ်မိလိုက်ဘဲ ဆဲဆိုသံကြောင့်သာ လူတွေ သတိထားမိကြတာလို့ ဆိုပါတယ်။

ရပ်ကွက်တိုင်းမှာ ဒီနေ့လို လိုက်ကြေညာနေသလို ညပိုင်းအထိလည်း လုံခြုံရေးတိုးကာ ဖုန်းနဲ့ လိုင်စင်စစ်ဆေးတာတွေ အတင်းအကြပ်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ကရင်ပြည်နယ် နဲ့လူထုရဲ့ ဘဝကို အေးချမ်းတည်ငြိမ်အောင် ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ဆိုပြီး ရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ ကရင့်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။

အတွေးအမြင်

၂၀၀၇ခုနှစ်က အာဖရိကတိုက်၊ဆူဒန်နိုင်ငံဖွားဆက်သွယ်ရေးလုပ်ငန်းသူဌေးကြီးမိုအီဘရာဟင်က‌ ကြေညာချက်တစ်ခုထုတ်ပြန်ပါတယ်။ တိုင်းပြည်ကိုကောင်းကောင်းမွန်မွန်အုပ်ချုပ်ပြီး အာဏာနဲ့ ရာထူးကနေရိုးရိုးသားသားထွက်ခွာပေးမယ့် အာဖရိကတိုက်ကခေါင်းဆောင်ရှိရင်ဒေါ်လာ၅သန်း ဆုချီးမြှင့်မှာဖြစ်ပါသတဲ့။ နိုင်ငံပေါင်း၅၄နိုင်ငံလောက်မှာဒီနေ့အထိဒီဆုကိုရသူစုစုပေါင်းလက်၅ ချောင်းစာပဲရှိပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကျဉ်းချတာ၊ အဖွဲ့ဖျက်သိမ်းရန် ကြိုးပမ်းတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ အမုန်းတရား သပ်သပ် လုပ်ရပ်တွေသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က စက်တင်ဘာ ၂၇ရက်က ကျရောက်တဲ့ NLD ပါတီ တည်ထောင်တာ (၃၇)နှစ်ပြည့် သဝဏ်လွှာ မှာ ဖော်ပြထားပါတယ်။

သတင်း

စက်တင်ဘာ-၂၆၊၂၀၂၅။သုည/People’s Spring စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲသပိတ်မှောက်ရေးနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးလှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာ လူငယ်အင်အားစုသပိတ်ကော်မတီက စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဝန်းသိုမြို့နယ်အတွင်းကကျေးရွာတွေမှာလည်း ဒေသခံတွေနဲ့ ဆရာဆရာတွေ...