close
Connect with us

Hi, what are you looking for?

သတင်း

ဆဒုံးမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု မူကြိုကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၈ဦးသေဆုံး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာ ၂၉ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ မူကြိုကလေးငယ် ၂ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဆဒုံးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာ ၂၉ရက် နေ့လည်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − ဒေသခံ

စက်တင်ဘာ−၂၉၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာ ၂၉ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ မူကြိုကလေးငယ် ၂ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ၂၀၂၄ ဇွန်လကတည်းက သိမ်းပိုက်ထားတဲ့ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ နေ့လည် ၂နာရီ ၂၈မိနစ်နဲ့ ၂နာရီ ၃၀ မိနစ်တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

“ပြည်သူ ၈ယောက်သေ၊ ၅ယောက် ဒဏ်ရာရ။ မူကြိုကလေးငယ် ၂ယောက်သေတယ်”လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခု စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာဟာ တိုက်ပွဲဧရိယာ မဟုတ်၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိ ဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုအပေါ် KIO/KIA ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က “မင်းတို့တတွေ လူမဟုတ်တော့ဘူး”လို့ ရေးသားကာ ဆဒုံးမြို့ လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်ပျက်စီးခဲ့ရမှု မှတ်တမ်းအချို့ကို ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေမကြာခဏ ဖြစ်ပွားလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ဒေသမြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ လူစုလူဝေးရှိတယ်လို့ ယူဆတဲ့နေရာတွေကို နေ့၊ည အချိန်မရွေး လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ပိုလုပ်လာလို့ အဲဒီလိုတိုက်ခိုက်မှု ဘေးရန်ကို အရင်ထက်ပိုသတိထားဖို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ စက်တင်ဘာ ၂၉ရက်မှာ အရေးပေါ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထံ ဘက်ပြောင်းသွားသူတချို့ သတင်းပေးလက်ထောက်ချလို့ အညာမြေတပ်ပေါင်းစု စခန်းခွဲတခု လေကြောင်းတိုက်ခံရပြီး ရဲဘော်သုံးဦးကျဆုံးခဲ့ရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို စက်တင်ဘာလ၂၇ရက်နေ့မှာ စစ်ကောင်စီကဗုံးကြဲလို့ မိသားစုတစ်စုတည်းက အမျိုးသားတစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာ ကို စစ်​ကောင်စီက ဒီက​နေ့ မနက်မှာ ဗုံးကြဲတာ​ကြောင့်အသက်၂၀ ကျော်အရွယ်အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးခဲ့တယ်လို့ မြိုနယ်၊ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ပြောပါတယ်။