စက်တင်ဘာ၁၊၂၀၂၅။နေ့သစ်/People’s Spring
မန္တလေးမြို့၊အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီးက စားသောက်ဆိုင်ကို ဆီဘောက်စာကားဝင်တိုက်မိပြီးမီးလောင်တဲ့အတွက်ပြည်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။
ဒီကနေ့ မနက်၆ နာရီ ၄၅မိနစ်အချိန်မှာ ဆီဘောက်စာကားကစစ်ကိုင်း-မြစ်ငယ်လမ်းပေါ်က ကောင်းကောင်းနန်းတော် စားဥယျာဥ်ဆိုင်အနီးက စားသောက်ဆိုင်ကို ဆီဘောက်ဆာကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ဝင်တိုက်မိပြီး မီးလောင်တာကြောင့် ဆိုင်အတွင်းရှိနေသူ ၃ ဦးသေဆုံးခဲ့တာလို့သိရပါတယ်။
“သေတဲ့သူတွေက ဝန်ထမ်းလား၊စားသုံးသူလားမသိရသေးဘူး။ရုပ်တွေက ခွဲမရတော့လို့။ကားသမား တော့မဟုတ်ဘူး။ယာဉ်မောင်းကိုလည်းမိထားပါတယ်”လို့ လူမှုကူညီရေး အသင်းတခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ် ။

Public Service Announcement
အခြားကူညီနေသူတဦးက “သေဆုံးသူ ၂ ဦးကတော့ စိစစ်ဆဲပါ”လို့ပြောပါတယ်။
အခင်းဖြစ်ပွားရာ နေရာကို မန္တလေးတိုင်းက မီးသတ်ယာဉ် တွေနဲ့ လူမှုကူညီရေး အသင်း တွေသွားရောက်ကူညီ ဆောင်ရွက် ပေးခဲ့တယ်လို့သိရပါတယ်။မနက်စာစားချိန် ဖြစ်ပွားတာကြောင့် ထိခိုက်မှုတွေရှိနိုင်ကြောင်း ဒေသခံများက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်ကလည်း ထုံးဘို-မြစ်ငယ်ဖြတ်လမ်းမှာ ဆီဆိုင်ခြံဝင်းတခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသေးတယ်။
