close
Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်မှုထမ်းဖို့အဖမ်းခံရသူတွေကျပ်သိန်းဆယ်ချီပေးပြီး ပြန်ရွေးရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေကျပ်သိန်းဆယ်ချီပေးကာ ပြန်ရွေးနေရကြောင်း ဒေသခံများက ပြောပါတယ်။

စစ်မှုထမ်းသင်တန်း တက်ရောက်ရန် ခေါ်ဆောင်ခံရသူများအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ

သြဂုတ်-၂၃၊၂၀၂၅။မေရီ/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေကျပ်သိန်းဆယ်ချီပေးကာ ပြန်ရွေးနေရကြောင်း ဒေသခံများက ပြောပါတယ်။

သြဂုတ်လဆန်းပိုင်းကဝမ်းတွင်းမြို့နယ်မှာစစ်တပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးခဲ့ရာ လူငယ်ရာချီ အဖမ်းခံခဲ့ရကြောင်း၊ ဖမ်းးဆီးခံရသူတွေကို ငွေကြေးနဲ့ လိုက်ရွေးခဲ့ရာမှာ တစ်ဦးကို ကျပ်သိန်းငါးဆယ်ကနေ တစ်ရာကျော်အထိပေးကာ ရွေးခဲ့ရကြောင်းဒေသခံ​တွေကပြောပါတယ်။

“အိမ်ကညီညနေ ၆ နာရီလောက်ရှိသေးတယ်အဖမ်းခံလိုက်ရတာ။သိန်းငါးဆယ်ပေးလိုက်ရတယ်။ ဒါကို တစ်ပတ်လောက်ကြာတယ်”လို့ဝမ်းတွင်းဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ငွေမလိုက်နိုင်တဲ့သူတွေကိုတော့စစ်မှုထမ်းသင်တန်းကျောင်းတွေဆီ အပို့ခံလိုက်ရတယ်လို့ သိရပါတယ်။

ငွေကြေးပေးပြီး လွတ်လာတဲ့သူအရေအတွက်ကိုတော့ လူထုနွေဦးက မသိရသေးပါဘူး။

ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် လူငယ်တွေဟာ ပြည်ပအထိ တိမ်းရှောင်နေရတာတွေရှိလာပြီး လူငယ်မရှိသလောက် နည်းပါးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အခုဆို တောင်သူလုပ်မယ့်သူကိုမရှိတော့ဘူး။”လို့ ဝမ်းတွင်းဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် ၁၆ ကိုစဖွင့်ဖို့ ကြိုးစားနေပြီး မန္တလေးမြို့၊ မုံရွာမြို့နဲ့စစ်ကိုင်းမြို့တွေမှာပါအဓမ္မဖမ်းဆီးတာတွေပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ