People’s Spring
ကရင်နီပြည်နယ်၊မော်ချီးဒေသကို စစ်ကောင်စီက သြဂုတ် ၁၇ ရက်နေ့မှာ တိုက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲတာကြောင့် သေဆုံးသူ နဲ့ ဒဏ်ရာသူတွေရဲ့အမည်စာရင်းဖြစ်ပါတယ်။ စစ်ကောင်စီဗုံးကြဲသတ်ဖြတ်မှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် အရပ်သား အနည်းဆုံး၃၂ ဦးသေဆုံးခဲ့ပါတယ် ။ ဒဏ်ရာရရှိသူ ၅ ဦးရှိသလို ပျောက်ဆုံးနေသူအချို့ရှိနေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က သြဂုတ် ၁၈ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဗုံးကြဲမှုကြောင့်သေဆုံးသူတွေထဲမှာ အမည်မသိရသေးသူ ၆ ဦးရှိနေပါသေးတယ် ။ဒီနှစ်အတွင်း စစ်ကောင်စီတပ်အနေနဲ့ မော်ချီးဒေသတစ်ခုတည်းကိုပဲ စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်မှု ၁၁ကြိမ်ခန့်ပြုလုပ်ခဲ့တယ်လို့ IEC က ဖော်ပြပါတယ်။ တရားမဝင်အာဏာသိမ်းစစ်တပ်က အပြစ်မဲ့ပြည်သူတွေအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို တုံ့ပြန်နိုင်ရေးအတွက် ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ IEC ကထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင်နိုင်ငံတကာအစိုးရတွေအနေနဲ့လည်း တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ ကြီးလေးတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုတွေကို ထိရောက်စွာ အရေးယူနိုင်ရေး IECက အလေးအနက်တိုက်တွန်းထားပါတယ်။
ကိုးကား-IEC

Public Service Announcement












































