close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်က အာရှလမ်းက​နေ မြဝတီဘက်စစ်​ကြောင်းထိုးဖို့ကြိုးစား​နေ​ပေမယ့်​ရှေ့မ​ရောက်

စစ်ကောင်စီတပ်ဟာ မြဝတီမြို့ကို ဖြတ်လေးဖြတ်လုပ်ပြီး အာရှလမ်းပိုင်းကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ​ရှေ့တိုးဖို့ကြိုးစာယနေပေမယ့် ရှေ့ကိုရွေ့မလာဘူးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(​အောင်​ဇေယျစစ်​ကြောင်းမှ စစ်ကားများကို​တော်လှန်​ရေးအဖွဲ့ကဖြတ်​တောက်တိုက်ခိုက်ပြီး စစ်သုံးပစ္စည်းများသိမ်းယူ၍ ကားကိုမီးရှို့ရန်ပြင်ဆင်​နေသည်ကို ၂၀၂၄ ခုနှစ်က​တွေ့ရစဥ် ။ဓါတ်ပုံ-Cobra Column )

“ဝါဒဖြန့်နေသလို စစ်ကြောင်းခြောက်ကြောင်းနဲ့ ထိုးနေတယ်ဆိုတာ မဟုတ်ဘူး။ ကျနော်တို့ သိသလောက် စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးနေတာ ရှိပါတယ်။ ထိုးတာပဲရှိတာပါ။ ရှေ့ကို မရွေ့ပါဘူး။ ထိုးလိုက် အတီးခံရလိုက် ပြန်ထိုးလိုက်ပေါ့”

ကော့ကရိတ်ဒေသက PDFစစ်ကြောင်းမှူး

ဩဂုတ်−၁၈၊ ၂၀၂၅။ခွန်ဖ/People’s Spring

စစ်ကောင်စီတပ်ဟာ မြဝတီမြို့ကို ဖြတ်လေးဖြတ်လုပ်ပြီး အာရှလမ်းပိုင်းကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ​ရှေ့တိုးဖို့ကြိုးစာယနေပေမယ့် ရှေ့ကိုရွေ့မလာဘူးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အောင်ဇေယျစစ်ဆင်ရေးအဖြစ်နဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်ကနေ မြဝတီမြို့ဆီကို အာရှလမ်းပိုင်းကနေ စစ်ကြောင်းထိုးချီတက်ဖို့ လုပ်နေတာဖြစ်ပါတယ်။ တကယ်တော့ မြဝတီမြို့ဆီကို စစ်ကြောင်းထိုး ချီတက်ဖို့ လုပ်နေတာဟာ မနှစ်က ၂၀၂၄ ဧပြီလကတည်းကပါ။

ဒေါနတောင်မှာ ​ရှေ့တိုးမရလို့ ရပ်တန့်နေတဲ့ အောင်ဇေယျစစ်ဆင်ရေးကို အင်အားတွေဖြည့်တင်းပြီး အခု ဩဂုတ်လဒုတိယအပတ်မှာ စစ်ကြောင်းပြန်ထိုးဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

“ဝါဒဖြန့်နေသလို စစ်ကြောင်းခြောက်ကြောင်းနဲ့ ထိုးနေတယ်ဆိုတာ မဟုတ်ဘူး။ ကျနော်တို့ သိသလောက် စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးနေတာ ရှိပါတယ်။ ထိုးတာပဲရှိတာပါ။ ရှေ့ကို မရွေ့ပါဘူး။ ထိုးလိုက် အတီးခံရလိုက် ပြန်ထိုးလိုက်ပေါ့”လို့ ကော့ကရိတ်ဒေသက PDFစစ်ကြောင်းမှူး တဦးက ပြောပါတယ်။

ကော့ကရိတ်မြို့အကျော်က ဒေါနတောင်ရဲ့ အနောက်ဘက်က တတန်းကူးကျေးရွာနားမှာရှိတဲ့ အောင်ဇေယျစစ်ဆင်ရေးက စစ်သားတွေက အာရှလမ်းမကြီးကနေ စစ်ကြောင်း ၂ကြောင်းနဲ့ အာရှလမ်းဟောင်းကနေ စစ်ကြောင်း တစ်ကြောင်း အနေနဲ့ ထိုးနေတာလို့ စုံစမ်းသိရပါတယ်။

“အပိုင်းပိုင်းဖြတ်တောက်ထားတာ။ ရှေ့တက်လာဖို့ မလွယ်ဘူး”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။၂၀၂၄ ဧပြီလကတည်းက တက်လာတဲ့အောင်ဇေယျစစ်ကြောင်းကစစ်သားတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDFနဲ့ ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်တွေကအပိုင်းပိုင်းပိတ်ဆို့ဖြတ်တောက်ထားရာ ဒေါနတောင်ပေါ်က တောနောရေတံခွန်နားမှာလည်း လ​ပေါင်းများစွာပိတ်ဆို့ခံထားရတာပါတယ်။

အဲဒီအဖွဲ့ဟာ အစာရေစာပြတ်တောက်နေပြီး စစ်သားတွေ ငတ်ပြတ်မှုနဲ့ ကြုံနေရတယ်လို့ ကရင်စစ်ရေးသတင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့ကနေ စစ်ကြောင်းထိုးနေတဲ့ အောင်ဇေယျစစ်ဆင်ရေးက စစ်သားတွေဟာ လည်း တတန်းကူးကျေးရွာနားမှာပဲ ဖြတ်တောက်ပိတ်ဆို့ခံထားရပြီး အဲဒီနေရာဝန်းကျင်မှာဘဲ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

“တိုက်ပွဲကတောင်ပေါ်မှာ မဖြစ်ဘူး။အောက်ဘက်မှာပဲ ဖြစ်နေတာ”လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၄ မတ်လဆန်းကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDFနဲ့ ‌ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်တွေက မြဝတီမြို့အနီးက သင်္ဃန်းညီနောင်ဗျူဟာ တပ်ရင်း​တွေ ၊ လေးကေ့ကော် နဲ့မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

သိမ်းပိုက်ခံရတဲ့​နေရာ​တွေပြန်သိမ်းဖို့ဆိုပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲတဲ့ နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”လို့ အမည်​ပေးကာ တပ်မ(၅၅)ဦးဆောင်တဲ့ အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းဟာ ၂၀၂၄ ဧပြီ ၉ရက်ကစပြီး ဖားအံနဲ့ မော်လမြိုင်ဘက်ကနေ အာရှလမ်းမကြီးအတိုင်းမြဝတီကို ၄ ရက်နဲ့အ​ရောက်ဆိုပြီး ချီတက်လာခဲ့တာဖြစ်ပါတယ်။

လေးရက်နဲ့ မြဝတီမြို့အ​ရောက်ချီတက်မယ်လို့ကြွေး​ကြော်ခဲ့​​ပေမယ့် တနှစ်ကျော်ကြာတဲ့အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်နားမှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေတာဖြစ်ပါတယ်။ စစ်တပ်က စစ်သား​တွေဟာအလင်းဝင်တာ ၊ထွက်​ပြေးတာ ၊​သေဆုံးဒဏ်ရာရတာ​တွေ​ကြောင့် ရာနဲ့ချီနဲ့ သင်တန်းဆင်းပြီးစ စစ်သားသစ်​တွေကို ထပ်ပို့ခဲ့​တယ်လို့ ​​ကော်ဘရာစစ်​ကြောင်း စစ်ဆင်​ရေးမှူး ဗိုလ်ဒါ​ဘော က People’s Spring နဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းက ​မေးမြန်းခန်းမှာ​ ပြောခဲ့ပါတယ်။ ကျန်​နေတဲ့ စစ်သား​တွေဟာလည်း ​ဒေါန​တောင်​ပေါ်မှာ ​တော်လှန်​ရေးတပ်​တွေရဲ့ ဖြတ်​​တောက်ပိတ်ဆိုမှုခံ​နေရလို့ ရိက္ခာပြတ်လုဖြစ်ပြီးဆန်ပြုတ်​သောက်​နေရတယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

စစ်ကောင်စီဟာ ကရင်ပြည်နယ် ဘားအံမြို့ကနေ မြဝတီမြို့ဘက်သွားတဲ့ လမ်းပိုင်းကို စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းတင်ကားတွေ သွားလာခွင့်ကို ဩဂုတ် ၁၃ရက်လောက်ကစပြီး ပိတ်ပင်လိုက်တာလို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

ဒါ့ကြောင့် လက်တလော မြဝတီမြို့မှာ စက်သုံးဆီပြတ်တောက်နေပါတယ်။ မြဝတီမြို့ခံတွေဟာ ကားတွေနဲ့ တဖက်က ထိုင်းနိုင်ငံ မဲဆောက်မြို့ကို နေ့ချင်းပြန်ကတ်နဲ့ သွားရောက်ပြီး ကားတွေနဲ့ ဆီဖြည့်တာတွေ လုပ်နေကြရပါတယ်။

စစ်ကောင်စီဟာ ကရင်ပြည်နယ်ကို ထိုးစစ်ဆင်ဖို့အတွက် စက်သုံးဆီတွေအပါအဝင် ကန့်သတ်ပိတ်ပင်လိုက်တာလို့ ကရင်ပြည်နယ်က စစ်ရေးသုံးသပ်သူအချို့က ပြောပါတယ်။

“ဒီလိုလုပ်နေတာက ဖြတ်လေးဖြတ်ရဲ့ အစပေါ့”လို့ ကရင်းစစ်ရေးသတင်းအရင်းမြစ်အခြားတဦးကလည်း ပြောပါတယ်။

ထိုင်းအစိုးရကလည်း မြဝတီမြို့ကိုကျားဖြန့်နှိမ်နင်း​ရေး​ခေါင်းစဥ်နဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီပိတ်ဆို့ဖြတ်တောက်ထားပါတယ်။ ထိုင်းအစိုးရက လူကုန်ကူးမှုတွေရှိရာ ကရင်ပြည်နယ် မြဝတီဒေသကို ပေးပို့နေတဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ရက်ကစပြီး ပိတ်ဆို့ဖြတ်တောက်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဒီကနေ့ ဩဂုတ်၁၈ရက် မနက်မှာဘဲ ထိုင်းကုန်ပစ္စည်းတွေ အဓိကတင်သွင်းတဲ့ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်​ရေးတံတားကို ပိတ်လိုက်ပါတယ်။

သွားတိုက်ဆေးနဲ့ ဆပ်ပြာတွေကစလို့ လူသုံးကုန်ပစ္စည်း ၃၅မျိုးကို ပြည်ပကနေတင်သွင်းခွင့် ပိတ်ပင်ကြောင်း သတင်းထွက်ပေါ်အပြီး တပတ်ခန့်အကြာမှာ ထိုင်းနိုင်ငံက ကုန်ပစ္စည်းတွေ အဓိကတင်သွင်းတဲ့ မြန်မာ−ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားကို ဒီမနက်ကစပြီး စစ်ကောင်စီက ပိတ်လိုက်တာဖြစ်ပါတယ်။

မြဝတီမြို့ကို ကရင်နယ်ခြား​စောင့်တပ်(BGF) ​ခေါ် KNAက ထိန်းချုပ်ထား​ပေမယ့်စစ်တပ်ရဲ့မြို့​စောင့်တပ်ဖြစ်တဲ့ ခလရ (၂၇၅)တပ်ရင်းထဲမှာ ယခင်ကျန်​နေတဲ့စစ်သား​တွေရယ် ၊နယ်စပ်စခန်း​တွေအသိမ်းခံရပြီး ထိုင်းနိုင်ငံဘက်ကိုထွက်​ပြေးခိုလှုံခဲ့တာ​ကြောင့် ထိုင်းကပြန်ပို့ထားတဲ့ စစ်သား ​တွေ​ပေါင်းအင်အားရာနဲ့ချီပြီးရှိ​နေပါတယ်။ဒါအပြင်

မြဝတီမြို့​ပေါ်မှာ စစ်​ကောင်စီဝန်ထမ်း​တွေရှိ​ပြီး စစ်အုပ်ချုပ်​ရေးယန္တရားကို လည်ပတ်​ပေးနေတာဖြစ်ပါတယ် ။

တချိန်တည်းမှာ KNLA ၊ PDF ၊ KNDO နဲ့ပူး​ပေါင်းတပ်​တွေက မြဝတီမြို့​တောင်ဘက်က သိမ်းဖို့ကျန်​နေတဲ့ ​ဝေါ​လေဗျူဟာကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်​နေပါတယ်။ ​တော်လှန်​ရေးတပ်​တွေက မြန်မာ-ထိုင်း နယ်စပ်က စစ်စခန်း​တွေကို ဆက်တိုက်သိမ်း​နေတာမှာ တပ်မဟာ (၆)နယ်​မြေမှာ ​​ဝေါ​လေဗျူဟာ နဲ့ တိသဲလယ်ကာကင်းစခန်းတို့ပဲကျန်​တော့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက်က အာရှလမ်းမကြီးမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်​ကြောင်းကိုစစ်ကူပို့ဖို့ကြိုးစား​နေတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ်တွေ အခုရက်ပိုင်း တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာ-အရာတော်လမ်းပိုင်းတွင်စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး အထိနာ၍ အင်အား၂၀၀ခန့် ထပ်ဖြည့်ကာ ထပ်မံ စစ်ကြောင်းလာကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

အာရက္ခတပ်တော်(AA)၊PDFပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် လေးမျက်နှာမြို့နယ်၊ စက်စက်ယိုရွာကိုလေကြောင်းအကူအညီဖြင့်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ပိတ်ဆို့တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

Facebook