close
Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများ၏ထောက်ခံမှုကြောင့် PDFများက စစ်​ကောင်စီတပ်ကို အကောင်းဆုံးဖိအားပေးတိုက်ခိုက်နိုင်ခြင်းဖြစ်ဟု NUGဝန်ကြီးချုပ် ပြော

ပြည်တွင်း၊ပြည်ပရှိ ပြည်သူများ၏ထောက်ခံပါဝင်မှုများကြောင့်သာပြည်သူ့ကာကွယ်ရေးတပ်မတော် -PDFများက အင်အားကြီးမားပါသည်ဆိုသော စစ်တပ်ကိုဖိအားပေး တိုက်ခိုက်နေနိုင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ် ဖော် ပြောကြားသည်။

အင်းတော်မြို့သိမ်းအောင်ပွဲပြန် အမှတ်(၁)စစ်ဒေသ၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း ၅၀၉၊ ၅၁၀၊ ၅၁၂၊ POL ရင်း ၁၊ ရင်း ၂မှ ရဲဘော်များအား ပြည်သူများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ − PDF 512၊SOG၊SOF

“စစ်တပ်ကို ပစ်တဲ့ကျည်တပေါက်တိုင်းဟာတရားသောစစ်ဖြစ်တယ်”

— နိုင်ကောင်းရွတ် (NUGကာကွယ်​ရေးဒုဝန်ကြီး)

မေ-၅၊ ၂၀၂၅။ ထင်လင်း/People’s Spring

ပြည်တွင်း၊ပြည်ပရှိ ပြည်သူများ၏ထောက်ခံပါဝင်မှုများကြောင့်သာပြည်သူ့ကာကွယ်ရေးတပ်မတော် -PDFများက အင်အားကြီးမားပါသည်ဆိုသော စစ်တပ်ကိုဖိအားပေး တိုက်ခိုက်နေနိုင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ် ဖော် ပြောကြားသည်။

မေလ၅ရက်တွင်ကျရောက်သည့်ပြည်သူ့ကာကွယ် ရေးတပ်မတော်( PDF) ဖွဲ့စည်းတည်ထောက်ခြင်း (၄)ပြည့် နှစ်ပတ်လည်မိန့်ခွန်းပြောကြားရာတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးခုခံတော်လှန်စစ်ကဏ္ဍတွင် ပြည်သူများ၏ ပူး ပေါင်းပါဝင်မှု အရေးကြီးပုံကိုအထက်ပါအတိုင်းထုတ်ဖော်ချီးကျူးပြောကြားခဲ့ခြင်း ဖြစ်သည်။

“အရေးအကြီးဆုံးဟာ ငါတို့ကို အမြဲထောက်ပံ့ ကူညီနေကြတဲ့ ပြည်သူပြည်သားတွေပဲဖြစ်တယ်။ ပြည်တွင်းပြည်ပက မြန်မာပြည်ဖွားတိုင်း ရင်းသား သွေးချင်းမိသားစုများရဲ့ ပံ့ပိုးကူညီမှု၊ အင်ပြည့်အားပြည့်ထောက်ခံပါဝင်မှုတွေကြောင့်လည်း ငါတို့ ဒီနေ့ဒီအချိန်မှာ အင်အားကြီးမားပါတယ်ဆိုတဲ့ အကြမ်းဖက်စစ်တပ်ကို အကောင်းဆုံးဖိအားပေး တိုက်ပွဲဝင်နေနိုင်တာလည်းဖြစ်တယ်”ဟုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် PDF အောင်ပွဲများသည် ပြည်သူ့အောင်ပွဲများ၊ တော်လှန်ရေးအောင်ပွဲများဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော်သည်တစ်တိုင်းပြည်လုံးအတိုင်း အတာနှင့်ခြုံငုံပြီး စစ်ဆင် ရေးနယ်မြေများဖွဲ့ စည်းဆောင်ရွက်ထားပြီးဖြစ်သလို စနစ်ကျသည့် ဖွဲ့စည်းအုပ်ချုပ်ပုံများဖြင့် ပြည်သူ့တပ်မတော်တစ်ရပ်ဖြစ်အောင် ကြိုးစားအကောင်အထည် ဖော်နေသည်ကိုလည်း တွေ့နေရကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

နှစ်ပေါင်းများစွာ တိုင်းပြည်ဘဏ္ဍာငွေကိုအကြိုက်သုံးပြီး တည်ဆောက်ထားတဲ့ အကြမ်းဖက်စစ်တပ်ကို ​(၄)နှစ်အတွင်း PDF ရဲဘော်များ၏ ရဲစွမ်းသတ္တနှင့် ခုခံတော်လှန်တိုက်ပွဲဝင်ခဲ့ကြသည်မှာ မည်သည့်အတိုင်းအတာအထိ အောင်ပွဲရနေပြီလဲ ဆိုသည်မှာ မျက်မြင်ကိုယ့်တွေပင်ဖြစ်သည်ဟု ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။

“ဒီအောင်ပွဲတွေမှာ ငါတို့နဲ့အတူ တသွေးတသားတည်း ရပ်တည်တိုက်ပွဲဝင်ပေးခဲ့ကြတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်တွေကိုလည်း မေ့ပစ်ထားလို့ မရဘူး။ ဒါကြောင့် (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားလိုတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ယခုဆိုလျင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းခဲ့သည်မှာ (၄)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သလို (၄)နှစ်ဆိုသည့်အချိန်သည် မြန်သည်ဟုဆိုနိုင်သော်လည်း ယခုကာလများအတွင်း ရဲဘော်များ၏ ကိုယ်စွမ်းဥာဏ်စွမ်း၊ စွန့်လွှတ် ပေးဆပ်၊ အနင့်နာခံမှုများနှင့် ရောင့်ရဲတင်းတိမ်နိုင်မှုများသည် တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သည့် သမိုင်းမှတ်တမ်းများပင်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားထား သည်။

“လက်နက်ကိုင်ပြီး တော်လှန်ရင် ငါတို့သွေး ချွေးတွေရင်းရမယ်၊ အသက်တွေ ပေးဆပ်ရမယ်၊ ဘဝဟာ ခက်ခဲကြမ်းတမ်းမယ်၊ ချစ်ခင်ရတဲ့ အရာအားလုံးနဲ့ ခွဲခွါရမယ်” ဒါတွေငါတို့ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် အာဏာရှင်စစ်မိစ္ဆာကိုအမြစ်ဖြတ်ဖို့ ဒီလမ်းကို ယုံကြည်ချက်အပြည့်နဲ့ ရွေးခဲ့တယ်။ နိုင်ငံရဲ့ကံကြမ္မာ၊ ပြည်သူရဲ့ကံကြမ္မာကို ကယ်တင်ဖို့ တခုတည်းသောလမ်း လက်နက်ကိုင်ပြီး တော်လှန်ခဲ့ရတယ်။ အာဏာရှင်ကို တော်လှန်သည့် မည်သည်လုပ်ရပ်မဆို အမှန်တရားအတွက်ဖြစ်တယ်။ အကြမ်းဖက်စစ်တပ်ကို ပစ်တဲ့ကျည်တပေါက်တိုင်းဟာတရားသောစစ်ဖြစ်တယ်”ဟုကာကွယ်ရေးဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ၊ နိုင်ကောင်းရွတ် ကလည်း PDF ၄ နှစ်ပြည့်အတွက်မှတ်ချက်ပြုသည်။

တော်လှန်ရေး ၄ နှစ်တာအတွင်း ပြည်သူ့လွတ်မြောက်ရေးအတွက် အသက်ပေးသွားသည့် အာဇာနည်ရဲဘော်အားလုံးကို အလေးနီပြုပါ​ကြောင်း၊ ပြည်သူ့အောင်ပွဲအတွက် ဆက်လက်တော်လှန်နေ​သော အာဇာနည်ရဲဘော်အားလုံးကိုလည်း အလေးပြုပါ​ကြောင်းလည်း ကာကွယ်​ရေးဒုဝန်ကြီးက​ပြောသည်။

“တိုင်းပြည်နဲ့ ပြည်သူအတွက်၊ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်သည့်အထိကျန်ရှိတဲ့တော်လှန်ရေးတာဝန်ကို ဆက်လက်တာဝန်ထမ်းဆောင်သွားကြမယ်”ဟုလည်း နိုင်ကောင်းရွတ်ကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၅)မှာ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်များ ပိုမိုချစ်ကြည်စည်လုံးပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် တိုက်ပွဲဝင်ပါက အဆုံးသတ်အောင်ပွဲသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

သတင်း

အာရက္ခတပ်​တော်(AA) ကအပစ်ရပ်ကြေညာချက်ဖြင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ထိုးစစ်ရပ်တန့်ထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲနေပြီး ဟင်္သာတမြို့အဝင်တနေရာတွင် လက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချုပ်ငြိမ်းရေး အတွက် မလျှော့တမ်းတော်လှန်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအနေဖြင့်လည်း ယင်းပန်းတိုင်ကို မျက်ခြေမပြတ်ရန်လိုကြောင်း မှာကြားခဲ့သည်။