close
Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးသည့် ကလေးလေးဦး ရေနစ်သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ယနေ့(ဧပြီ ၂၃ရက်) နေခင်း ၁၂နာရီခန့်က ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသည့် ကလေးလေးဦး ရေနစ်သေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်။

ရေနစ်သေဆုံးသည့် ကလေးများ၏ ရုပ်အလောင်းအား ဆယ်ယူနေစဉ်။ ဓာတ်ပုံ − MSFD

ဧပြီ ၂၃၊၂၀၂၅။မိထက်/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ယနေ့(ဧပြီ ၂၃ရက်) နေခင်း ၁၂နာရီခန့်က ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသည့် ကလေးလေးဦး ရေနစ်သေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်။

ညောင်ဦးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်တွင် အဆိုပါဖြစ်စဉ်ဖြစ်ပွားခြင်းဖြစ်သည်။

” ပူတော့ မြစ်ထဲဆင်းပြီးရေကူးတာ။ လေးဦးစလုံးရေနစ်သွားတာ။ ဘေးပတ်ဝန်းကျင်ကလည်း ချက်ချင်းမသိလိုက်ဘူး။ နစ်ပြီးတော့မှ သိတာ။ ကလေးတွေက လူပျိုပေါက်တွေ”ဟု ညောင်ဦးဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရေနစ်သည့်နေရာသို့ ဒေသခံလူမှုကူညီရေးအဖွဲ့များနှင့် ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့မှ လာရောက်၍လုပ်ဆောင်ခဲ့ပြီး နေ့လယ် ၁၂နာရီ၄၀မိနစ်မှ မွန်းလွဲ ၂နာရီ ၄မိနစ်အတွင်း ရုပ်လောင်းလေးခုစလုံး ဆယ်ယူနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။ သေဆုံးသူလေးဦးမှာ အသက်(၁၃)နှစ်မှ (၁၇)နှစ်အရွယ်ကြားဖြစ်သည်။

ဒေသတချို့တွင် ယခုရက်ပိုင်း နေရာကွက်မိုးကြီးမှုနှင့်အတူ မြစ်ရေချောင်းရေများ ရုတ်တရက်မြင့်တက်လာနိုင်၍ မြစ်ဆိပ်များတွင် ရေကူးခြင်း၊ အဝတ်လျှော်ခြင်းတို့ကို ဂရုစိုက်ကြရန် ညောင်ဦးမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားရဲစခန်းက စစ်သား​တွေက ဧရာဝတီမြစ်အတွင်းသွားနေတဲ့ သံခွန်တစ်စီးကို ဆက်​ကြေး​တောင်းဖို့ သေနတ်နဲ့ပစ်ခတ်ပြီး ခြိမ်း​ခြောက်ခေါ်တာမှာ သံခွန်ဘေးက မောင်းလာတဲ့ မော်တော်ကိုထိမှန်ပြီး ​မော်​တော်​ပေါ်အမျိုးသားတဦးသေဆုံးကာ တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက​ပြောပါတယ်။

သတင်း

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ရှေးဟောင်းပုဂံ၊ညောင်ဦးမြို့နယ်အတွင်း စစ်ရေးအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မြို့နယ်တာဝန်ခံ ကိုလင်းက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ကင်းပတ် ရာမှပြန်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ညောင်ဦးမြို့နယ်- ပကဖ(ပုဂံပြည် ဘီလူးတပ်)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးနန်းတွင်းက တိုင်းစစ်ဌာနချုပ်ဆီ ရှော့တိုက်ဒုံးနဲ့ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်ကြောင်းတလျှောက် ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးရာမှာ ဒေသခံတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ စုံစမ်းသိရပါတယ်။

Facebook