close
Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းက ရေညာဦးရွာကို​ တော်လှန်​ရေးတပ်​တွေ ထပ်မံလက်လွတ်ရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ် ပြန်သိမ်းပိုက်ထားတဲ့ တွင်းငယ်ကျေးရွာအနီးက ရေညာဦးကျေးရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာ လက်လွတ်ပေးခဲ့ရတယ်လို့ အဲဒီဒေသက တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၄၈) ခြေလျင်တပ်ရင်းရှေ့မှာတွေ့ရတဲ့ မန္တလေး PDF ရဲဘော်တွေ။ ဓာတ်ပုံ - မန္တလေး PDF

မတ်-၂၂၊၂၀၂၅။ဒီးဒီ၊သတိုး/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ် ပြန်သိမ်းပိုက်ထားတဲ့ တွင်းငယ်ကျေးရွာအနီးက ရေညာဦးကျေးရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာ လက်လွတ်ပေးခဲ့ရတယ်လို့ အဲဒီဒေသက တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သပိတ်ကျင်းမြို့နဲ့ (၂၆)ခန့်ကွာဝေးတဲ့ အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)ရှိတဲ့ တွင်းငယ်ကျေးရွာအနီးက ရေညာဦးကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၁၇ရက်မှာ ပြန်လည်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒီတိုက်ပွဲဖြစ်တာက ၁၇ရက်နေ့မှာ မနက် ၆နာရီကစပြီးတော့ ည ၇နာရီခွဲလောက်အထိ တိုက်ပွဲတွေဖြစ်တာ။ အခုသူတို့ပြောနေတဲ့ ရေကန်ပွိုင့်တွေဘာတွေ အဲဒါကက ရေညာဦးကျေးရွာက တကသ ၁၃ နဲ့ကပ်နေတာ။ ခြံစည်းရိုးချင်းကပ်နေတာ။ သူတို့တပ်ဧရိယာက အကျယ်ကြီးဆိုတော့ ခြံစည်းရိုးကပ်နေတာ”လို့ အဲဒီဒေသက တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ရေညာဦးကျေးရွာမှာ တတက-၁၃ကျောင်းကို ရေပေးဝေနေတဲ့ ရေကန်ရှိတာကြောင့် စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်လာတာလို့ ပြောပါတယ်။

“အဲဒီ့အထဲမှာ ရေညာဦးရွာထဲမှာ ဘုရားကုန်းဆိုတာ အဲဒီ့ကနေ ရေတွေက တပ်ထဲကိုသွားတဲ့ ရေ

ပေးတဲ့နေရာတွေရှိတယ်။အဲဒီ့နေရာကိုအရင်တုန်းက TNLA နဲ့ မဟာမိတ်နဲ့ PLA နဲ့သိမ်းပြီး ထိုင်ထားတာ။ အဲဒီ့နေရာတွေပြန်လိုချင်တော့ အဲဒီလိုထိုးတာပေါ့။ ထိုးနေတာကကြာပြီ”လို့သူကပြောပါတယ်။

စစ်ကောင်စီတပ်သည် ရေညာဦးကျေးရွာကို ပြန်လည်သိမ်းပိုက်ဖို့ ၂၀၂၄ နိုဝင်ဘာ ၁၅ရက်ကတည်းက ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

“တန်ပြန်ထိုးစစ်‌ပေါ့။ ထိုးစစ်စလာတော့ အဲဒီ့ကတည်းကနဂိုကတည်းက ဒရုန်းတွေကလည်းပိုအဆင့်မြှင့်လာတယ်။သူတို့ရဲ့ Jumper တွေ အဆင့်မြှင့်လာတယ်။ လေကြောင်းတွေကလည်း အမြဲတမ်း ကူတယ်။ လက်နက်ကြီး၊ လက်နက်ငယ်အစုံပေါ့ ။ လူအင်အားကလည်း သူတို့ဖြည့်တာတွေရှိတာပေါ့။အဲဒီ့အခါကျတော့ အဲဒါတွေနဲ့ စနစ်တကျထိုးစစ်ကြီးပြန်ထိုးတာ။ထိုးတဲ့အခါကျတော့ ဒီဘက်က အင်အားစုတွေကလည်း အဓိကက စစ်ဦးစီးလေ။ တအမ်းက ငြိမ်းချမ်းရေးယူမယ်ဘာညာတွေ ကိစ္စတွေနဲ့ သူလည်းသူ့ဟာသူစစ်ပမ်းတာတွေရှိမှာပေါ့”လို့ သူက ဆက်ပြောပါတယ်။

မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်အကွာက ရွှေလုပ်ကွက်တွေကြောင့် နာမည်ကြီးတဲ့ သပိတ်ကျင်းမြို့ကို ​ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ် ၂၅ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

တကယ်တော့ သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးက စစ်ကောင်စီတပ်သားတွေ ကင်းစင်ခဲ့တာ မဟုတ်ပါဘူး။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ (၇)မိုင်က အင်ဂျင်နီယာတပ်စခန်းနဲ့ တွင်းငယ်က တတက−၁၃မှာ သွားရောက်စုဝေးသလို ၊စစ်တပ်ကစစ်ကူပို့တဲ့စစ်သား​တွေနဲ့​ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကနေ စုဝေးစစ်ကြောင်းထိုးပြီး ကျေးရွာအချို့ကို ပြန်သိမ်းယူနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ တွင်းငယ်ကျေးရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၄ရက်နေ့မှာ ကျေးရွာကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။

တွင်းငယ်ကျေးရွာက ရဲကင်းစခန်းကို မန္တလေးတိုင်း တာဝန်ခံရုံးကွပ်ကဲပြီး အမှတ် (၅၀၉)တပ်

ရင်း ၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF၊ ABSDF ကျောင်းသားတပ်နဲ့ သပိတ်ကျင်းမြို့နယ် ပကဖတို့က၂၀၂၄ ဇူလိုင်၂၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ အမှတ်(၁)စစ်ဒေသရုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တွင်းငယ်ကျေးရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ၂၀၂၄ ဩဂုတ် ၁၇ရက်မှာ သိမ်းပိုက်ခဲ့တာလို့ အသိပေးထားပါတယ်။ အဲဒီနောက် ကျေးရွာမှာရှိတဲ့ အမှတ် (၁၃)

တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)ကို ​တော်လှန်​ရေးတပ်​တွေက ပိတ်ဆို့ထားခဲ့ပါတယ်။

ဒါပေမယ့် သုံးလ​ကျော်အကြာမှာ စစ်တပ်ကပြန်ထိုးစစ်ဆင်လို့ တွင်းငယ်ရွာက​နေ ​တော်လှန်​ရေးတပ်​တွေပြန်ဆုတ်ခဲ့ရပါတယ် ။ကျေးရွာကနေ အပြီးဆုတ်ခွာပေးရတာမျိုး မဟုတ်ဘဲ ကျေးရွာအပြင်ကနေ စစ်ကောင်စီတပ်တွေကို ဝန်းရံပိတ်ဆို့ထားဆဲလို့ PLA က ပြောထားပါတယ်။

ဒါ့အပြင် မိုးကုတ်နဲ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေက ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားတွေကလည်း တွင်းငယ်ရွာက တတက−၁၃တပ်ရှိရာကို ပြေးလာပြီး စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။

လက်တလောမှာတော့ (၇)မိုင်ကျေးရွာမှာ တိုက်ပွဲတွေ ပိုဖြစ်နေပြီး (၇)မိုင်ကို အဓိကဦးဆောင်တိုက်

ခိုက်နေတာက မန္တလေး PDF၊ မိုးကုတ်ဗျူဟာနဲ့ TNLAတို့ဖြစ်ပါတယ်။ အခုဆုတ်ပေးလိုက်ရတဲ့ ရေညာဦးကျေးရွာကိုလည်း အဲဒီတပ်ရင်းတွေက ထိန်းထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူ ၂ဦးသေဆုံးပြီး ၁၆ဦးက ပြင်းထန်ဒဏ်ရာတွေရကာ ၁၁ဦးကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

သပိတ်ကျင်းမြို့နယ်ထဲက ၇မိုင်၊ကျောက်ကြီးနဲ့တွင်းငယ်ကျေးရွာတွေမှာ ဒီနေ့ (ဒီဇင်ဘာ ၂၆ ရက်​နေ့)အထိ တိုက်ပွဲတွေဖြစ်ပွားနေဆဲလို့သိရပါတယ်။

သတင်း

ဧရာဝတီမြစ်ဘေးတွင်တည်ရှိသော သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သြဂုတ် ၁၇ ရက်က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူများပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိသည်ဟု မန္တလေး PDFက ဆိုသည်။