close
Connect with us

Hi, what are you looking for?

သတင်း

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး သုံးရက်အကြာ အင်းလေးဒေသ၌ သေဆုံးသူ ၉၀နီးပါးရှိလာ

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး သုံးရက်အကြာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေးဒေသ၌ သေဆုံးသူ ၉၀ နီးပါးရှိလာကြောင်း အင်းလေးဒေသလူအခွင့်အရေးအဖွဲ့က ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေးဒေသ၌ လူနေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ် -၃၀ ၊၂၀၂၅။ရဲခေါင် /People’s Spring

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး သုံးရက်အကြာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေးဒေသ၌ သေဆုံးသူ ၉၀ နီးပါးရှိလာကြောင်း အင်းလေးဒေသလူအခွင့်အရေးအဖွဲ့က ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

အင်းလေးဒေသတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် ကျေးရွာ ၁၉ ရွာရှိပြီး အိမ်ခြေ ၂,၃၃၇ လုံး ပျက်စီးခဲ့ရကြောင်းလည်း အင်းလေးဒေသလူအခွင့်အရေးအဖွဲ့က ဖော်ပြသည်။

“ပျောက်ဆုံးတဲ့သူတွေ ရှိနေသေးတယ်။ကယ်ဆယ်ရေးအတွက်က မနိုင်ဘူးလေ။ပြီးတော့ စားစရာနဲ့ဆေးဝါးတွေက လိုနေတယ်။သေဆုံးတာတွေက တော့ ပိုတိုးလာဖို့ပဲရှိတယ်”ဟု အင်းလေးဒေသ၌ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြေသည်။

Public Service Announcement

Public Service Announcement

အင်းလေးဒေသလူအခွင့်အရေးအဖွဲ့၏ အချက်အလက်အရ ဟဲယာရွာမ(ကေလာ)၊အိုင်ထောင့်ကြီး၊နမ်ပတ်ကြာတော၊ပေါက်ပါနှင့် နောက်တောင်ကျေးရွာတို့မှ နေအိမ်ထိခိုက်ပျက်စီးမှုနှင့် လူသေဆုံးမှု အများဆုံးဟု ဆိုသည်။

ငလျင်ဒဏ်ကြောင့် အောင်ပန်းမြို့နယ်တွင်လည်း သေဆုံးသူ ၁၀ဦးထက်မနည်းရှိထားသည်။

ထို့အပြင် အလယ်ပိုင်းဒေသရှိ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပုလဲ၊ရွှေဘို၊ပလိပ်၊မိတ္ထီလာ၊သာစည်၊ဖြူး၊တောင်ငူ၊ရမည်းသင်း၊တောင်ငူ၊တံတားဦး၊ဝမ်းတွင်း၊ကျောက်ဆည်တို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ထောင်နှင့်ချီရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဘေးကြောင့် တနိုင်ငံလုံး ပူဆွေးသောကရောက်နေချိန်တွင် စစ်ကေင်စီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို ယနေ့(မတ်လ ၃၀ရက်)တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ငလျင် ဒဏ်သင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ တွေကတဆင့်အမေရိကန် အစိုးရဟာ ဒေါ်လာ ၂ သန်း အထိ ပံ့ပိုးကူညီပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့်သေဆုံးသူဦးရေ အဆမတန်မြင့်တက်လာပြီး ယနေ့(မတ်လ ၃၀ရက်) မွန်းလွဲ ၃နာရီခန့်အထိ သေဆုံးသူ ၆၀၀နီးပါးရှိလာပြီဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

သတင်း

ဖျက်အားပြင်း​မြေငလျင်ကြီးလှုပ်​နေစဥ် မန္တ​လေးမြို့မှ မိသားစုဝင်အားလုံး​ဘေးကင်း​အောင် ​စောင့်​ရှောက်​ပေးခဲ့တဲ့ ဖခင်တစ်ဦးကို လူမှုကွန်ယက်အသုံးပြုသူ​တွေက ချီးကျူး​နေကြပါတယ်။

Facebook