close
Connect with us

Hi, what are you looking for?

သတင်း

ထိန်းချုပ်နယ်မြေရှိ ငလျင်ဘေးသင့်ပြည်သူများကူညီလိုသည့် ပြည်တွင်း၊ပြည်ပအဖွဲ့များအား မန္တလေး PDF ဖိတ်ခေါ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF၏ ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်သည့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများ ပေးအပ်လိုသည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကို ဖိတ်ခေါ်ကြိုဆိုကြောင်း မန္တလေးPDFက ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

တော်လှန်ရေးထိန်းချုပ်နယ်မြေရှိ ငလျင်ဘေးသင့်ပြည်သူများအား မန္တလေး PDF ၊ပကဖ၊ပအဖ တာဝန်ရှိသူများက စုပေါင်း၍ ကူညီပေးနေစဉ်။ ဓာတ်ပုံ - Tayzar San/FB

မတ်-၃၀၊၂၀၂၅။ဟန်နွေ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF၏ ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်သည့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများ ပေးအပ်လိုသည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကို ဖိတ်ခေါ်ကြိုဆိုကြောင်း မန္တလေးPDFက ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

မတ်လ ၂၈ရက်က အင်အားပြင်းငလျင်ကြီးလှုပ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်အပါအဝင် နေရာဒေသအများအပြား၌ ပြည်သူလူထု၏ တိုက်တာနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက် အဦးများနှင့် သမိုင်းအမွေအနှစ်ပေါင်းမြောက်မြားစွာလည်း ပြိုကျပျက်စီးခဲ့ကာ ပြည်သူ လူထုများ သေကြေပျက်စီးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် အထွေထွေအကြပ်အတည်း ရင်ဆိုင် နေရချိန်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ” ဗူးလေးရာ ဖရုံဆင့်”သကဲ့သို့ ဒုက္ခပင်လယ်ဝေရပြန်သည်ကို ကြေကွဲ ဝမ်းနည်းရကြောင်း မန္တလေးPDFက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ထိန်းချုပ်နယ်မြေသို့ ကူညီရေးလာရောက်မည့် အဖွဲ့အစည်းများ၏ လုံခြုံရေးအား အပြည့်အဝအာမခံပြီး လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် အသင့်ရှိကြောင်းလည်း မန္တလေးPDFက အသိပေးသည်။

အင်အားပြင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်များ ထပ်မံဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေသေးသောကြောင့် မိဘပြည်သူ များအနေဖြင့် အထူးဂရုစိုက်နေထိုင်သွားလာကြပါရန်လည်း အကြံပြုထားသည်။

ပြည်သူလူထု လိုအပ်လျက်ရှိသော အကူအညီများကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အမြန်ဆုံးကူညီ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းလည်း မန္တလေးPDFက ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော အိမ်၊ အဆောက်အဦးနှင့် လုပ်ငန်းခွင်များတွင် ပိတ်မိနေသည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို မတ်လ ၃၀ရက်မှ စတင်ကာ နှစ်ပတ်ကြာရပ်နားထားမည်ဟု ကြေညာသည်။

ထို့ပြင် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အနေဖြင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အမြန်ဆုံးကူညီဆောင်ရွက်ရန် ဖိတ်ခေါ်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများတွင် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ယာယီကယ်ဆယ်ကုသရေးစခန်းများ ဖွင့်လှစ်ရေးတို့ကို တာဝန်ယူပူးပေါင်းဆောင်ရွက်မည်ဟု NUGက အသိပေးသည်။

စစ်ကောင်စီထိန်းချုပ်နယ်မြေများဖြစ်သော မြို့ကြီးများတွင် လုံခြုံရေးအာမခံချက်ရှိပါက အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော CDM ကျွမ်းကျင်ဝန်ထမ်းများ အနေဖြင့် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်၍ ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေး လုပ်ငန်းများဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လျှပ်စစ်မီးအပြင် ရေနှင့်စက်သုံးဆီပြတ်လပ်မှုဆိုးရွားစွာခံစားနေရဟု မန္တလေးမြို့ခံပြော

သတင်း

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး တတိယ​မြောက်​​နေ့ မတ်လ ၃၀ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်တွင် မန္တလေးမြို့ အနီး ဗဟိုပြု၍ အင်အား ရစ်ချတာစ​ကေး ၅ ဒသမ ၁ ရှိ​သော​မြေငလျင် ထပ်မံလှုပ်ရှားပြန်သည်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၌ သေဆုံးသူ ၁၆၀ကျော်ရှိလာကြောင်း အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

သတင်း

ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ ငလျင်ကြီး ရဲ့ ဗဟိုချက်နားမှာရှိတဲ့ စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေး တွေ အပူတပြင်းလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော် ဖေ့ဘွတ်ခ်ကနေ ဒီနေ့ (မတ်လ ၃၀) မှာ အသိပေးကြေညာပါတယ်။

Facebook