close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် ဒေသတွေအတွက် အမေရိကန်အစိုးရ ဒေါ်လာ ၂ သန်းထောက်ပံ့မယ်

ငလျင် ဒဏ်သင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ တွေကတဆင့်အမေရိကန် အစိုးရဟာ ဒေါ်လာ ၂ သန်း အထိ ပံ့ပိုးကူညီပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

မြေငလျင်လှုပ်ခတ်သည်ကို USGS နှင့် Google ကထုတ်ပြန်ထားမှုနှင့် ငလျင်​ကြောင့်အပျက်အစီးများကို မတ် ၂၈ရက်က​တွေ့ရစဥ်။

မတ် -၃၀ ၊၂၀၂၅ /People’s Spring

ငလျင် ဒဏ်သင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ တွေကတဆင့်အမေရိကန် အစိုးရဟာ ဒေါ်လာ ၂ သန်း အထိ ပံ့ပိုးကူညီပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီအကူအညီကို မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့တွေကတဆင့် ပံ့ပိုးကူညီပေးသွားမှာပါ။

ဒါအပြင် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ ( USAID ) ရဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ ကလည်း မြန်မာနိုင်ငံကိုရောက်ရှိလာမယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအဖွဲ့ဟာ အရေးပေါ် နားခိုစရာ ၊အစားအသောက်၊ ဆေးဝါး နဲ့ ရေရရှိမှု အပါအဝင် ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေရဲ့ အပူတပြင်းလိုအပ်ချက်တွေကို သုံးသပ်ဖော်ထုတ်မယ်လို့ အမေရိကန်သံရုံးက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး သုံးရက်အကြာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေးဒေသ၌ သေဆုံးသူ ၉၀ နီးပါးရှိလာကြောင်း အင်းလေးဒေသလူအခွင့်အရေးအဖွဲ့က ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

သတင်း

ငလျင်ဘေးကြောင့် တနိုင်ငံလုံး ပူဆွေးသောကရောက်နေချိန်တွင် စစ်ကေင်စီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို ယနေ့(မတ်လ ၃၀ရက်)တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့်သေဆုံးသူဦးရေ အဆမတန်မြင့်တက်လာပြီး ယနေ့(မတ်လ ၃၀ရက်) မွန်းလွဲ ၃နာရီခန့်အထိ သေဆုံးသူ ၆၀၀နီးပါးရှိလာပြီဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

သတင်း

ဖျက်အားပြင်း​မြေငလျင်ကြီးလှုပ်​နေစဥ် မန္တ​လေးမြို့မှ မိသားစုဝင်အားလုံး​ဘေးကင်း​အောင် ​စောင့်​ရှောက်​ပေးခဲ့တဲ့ ဖခင်တစ်ဦးကို လူမှုကွန်ယက်အသုံးပြုသူ​တွေက ချီးကျူး​နေကြပါတယ်။

Facebook