မတ်-၃၀၊၂၀၂၅။နေ့သစ်/People’s Spring
ဖျက်အားပြင်းမြေငလျင်ကြီးလှုပ်နေစဥ် မန္တလေးမြို့မှ မိသားစုဝင်အားလုံးဘေးကင်းအောင် စောင့်ရှောက်ပေးခဲ့တဲ့ ဖခင်တစ်ဦးကို လူမှုကွန်ယက်အသုံးပြုသူတွေက ချီးကျူးနေကြပါတယ်။
မတ် ၂၈ မွန်းလွဲ ၁၂ နာရီ ၅၀ မှာငလျင်ကြီးလှုပ်တဲ့အခါ ထိုအမျိုးသားက ဝန်ထမ်းအချို့နဲ့ အလုပ်နေရင်း ငလျင်လှုပ်တာသိပြီး အိမ်ရှေ့ကိုထွက်ပြေးပါတယ်။စက္ကန့်ပိုင်းအတွင်းမှာ မိသားစုအိမ်ထဲမှာကျန်နေတာကြောင့် အမျိုးသားက ဇနီးဖြစ်သူ ၊ သား ၊သမီးတွေကို တယောက်ပြီးတစ်ယောက် အိမ်ပြင်ခေါ်ထုတ်ပါတယ် ။
အိမ်ထဲမှာ လူမကျန်မှ သူကနောက်ဆုံးကထွက်တာဖြစ်ပါတယ် ။ ငလျင်လှုပ်နေတုန်း ဇနီးဖြစ်သူက အိမ်ထဲ ပြေးဝင်ဖို့လုပ်တာကို ဇနီးကို ပွေ့ချီအပြင်ထွက်ခိုင်းပြီးအိမ်ထောင်ဦးစီး ၁ ယောက်တည်းကအိမ်ရှိလူကုန် အခေါက်ခေါက်ခေါ်ထုတ်ပေးခဲ့တာပါ။ အဲဖြစ်စဥ်တွေကို အိမ်မှာတပ်ထားတဲ့ CCTV တွေမှာအမိအရ မှတ်တမ်းတင်နိုင်တာမို့အိမ်ထောင်ဦးစီးနဲ့ မိသားစုဝင်အားလုံးကို ဗီဒီယိုမှတ်တမ်းကြည့်သူတွေက ချီးကျူးနေကြပါတယ်။

Public Service Announcement
“မိသားစု အားလုံး အန္တရာယ်ကင်းကြပါတယ်ငလျှင်ဘယ်လောက်ပြင်းလဲဆိုတာတွေ့ကြုံရသမျှ တင်ပေးလိုက်ပါပြီ”ဆိုပြီးရုပ်သံမှတ်တမ်းတွေကိုမျှဝေထားတာပါ။
“ဖခင်တစ်ယောက်ရဲ့လုံခြုံမှု” လို့ပြည်သူ တယောက်က ချီးကျူးပါတယ်။
အခြားဖေစ်ဘွခ်အသုံးပြုသူ တစ်ယောက်ကလည်း “မိသားစုအတွက် အားကိုးရတဲ့ယောင်္ကျားကောင်းရထားတာ cctv ကြည့်တာနဲ့သိသာတယ်” ရေးသားပါတယ်။
“မိခင်မေတ္တာရော ဖခင်မေတ္တာရော တွေ့လိုက်ရတယ် respect ပါ ညီမလေးတို့ “လို့တဦးကရေးသားပါတယ်။
“ယောက်ျားကောင်း ဖခင်ကောင်း ကို ပိုင်ဆိုင်ထားရတဲ့ မိသားစုလေး။သမီးလေးတွေကလဲ ဉာဏ်ရှိလိုက်တာ” လို့ ပြည်သူတဦးကမှတ်ချက်ပြပါတယ်။
ဖေစ်ဘွခ်အသုံပြုသူတဦးက လည်း “အိမ်ထောင်ဦးစီးမေတ္တာမြင်လိုက်ရတယ်မိသားစုအတွက် ခင်ပွန်းကောင်း ဖခင်ကောင်း လေးစားပါတယ်” လို့ချီးကျူးပါတယ်။
