close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင်​အင်အားအသင့်အတင့်ရှိ ငလျင်ထပ်လှုပ်

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး တတိယ​မြောက်​​နေ့ မတ်လ ၃၀ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်တွင် မန္တလေးမြို့ အနီး ဗဟိုပြု၍ အင်အား ရစ်ချတာစ​ကေး ၅ ဒသမ ၁ ရှိ​သော​မြေငလျင် ထပ်မံလှုပ်ရှားပြန်သည်။

မတ်-၃၀၊၂၀၂၅။​​ဇော်ရမ်း၊​မေ/ People’s Spring

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး တတိယ​မြောက်​​နေ့ မတ်လ ၃၀ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်တွင် မန္တလေးမြို့ အနီး ဗဟိုပြု၍ အင်အား ရစ်ချတာစ​ကေး ၅ ဒသမ ၁ ရှိ​သော​မြေငလျင် ထပ်မံလှုပ်ရှားပြန်သည်။

ကမ္ဘာတစ်ဝန်း​မြေငလျင် သတင်းများကိုတိုင်းတာထုတ်ပြန်​ပေး​နေ​သော အ​မေရီကန် အ​ခြေစိုက် USGS က မန္တ​လေးမြို့ ​မြောက် ၊အနောက်​​မြောက်ဘက် ၁၈ မိုင်ခန့်အကွာ ​မြေအနက် ၆ မိုင်​ကျော်ကိုဗဟိုပြုလှုပ်ခတ်ခဲ့​ခြင်းဖြစ်ပြီး ပြင်အား ၅ ဒသမ ၁ ရှိ​ကြောင်းထုတ်ပြန်သည်။

“မန္တလေးထပ်ပြီးကြမ်းသွားတယ်ဗျာ။ အရမ်းစိုးရိမ်စရာအခြေအနေပဲ”ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“အခုပဲထပ်လှုပ်လို့ လမ်းပေါ်သွားနေသူတွေပါရပ်ထားရတယ်။ထပ်ကြမ်းရင် တိုက်ကပြိုတော့မယ်”ဟု​ဒေသခံတဦးက​ပြောသည်။

အဆိုပါငလျင်ကို ပြင်ဦးလွင်မြို့တွင်လည်း သိသိသာသာခံစားလိုက်ရသည်။

ယ​နေ့ငလျင် မတိုင်ခင် မန္တ​လေးမြို့တွင် ငလျင်အသေးများမကြာခဏလှုပ် နေ၍ မြို့ခံများမှာလမ်းမ ပေါ်ထွက်ရှောင်နေကြစဥ် အင်အားအသင့်အတင့်ရှိ ငလျင်ထပ်လှုပ်ခြင်းဖြစ်သည်။

​မြေငလျင် အန္တရာယ်ကိုစိုးရိမ်သဖြင့် ​​ဒေသခံ အချို့မှာ အခြားမြို့များသို့ ​​ပြောင်း​ရွေ့သွားသူများလည်းရှိသည်။ ငလျင် ကြီး လှုပ်ပြီး ၃ ရက်​မြောက်​နေ့တွင် စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းများပြတ်လပ်လာပြီး ​ဈေးဝယ်ရခက်ခဲလာ​ကြောင်း​ဒေသခံများက​ပြောသည်။

“ဆီဆိုင်ကြီးတချို့လည်း ပိတ်ထားတယ်။အရေးရယ်အ ကြောင်းရယ်ဆို ပြေးစရာမရှိမှာစိုးလို့ ဒီမနက်ဆီသွားဝယ်တာ။ဖွင့်တဲ့ဆိုင်‌​တွေမှာတန်းစီပြီး လူအုပ်ကြီးလိုက်ပဲ”ဟု မြို့ခံတဦးကပြောသည်။

မတ်လ ၂၈ရက်က ရစ်ခ်ျတာစကေး ၇ဒဿမ၇ဖြင့် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်သွား၍ အကြီးအကျယ်ပျက်စီးသွားသည့် အဆောက်အဦးများအတွင်း ပိတ်မိနေသူများကိုရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ် နောက်ထပ်ငလျင်များဆက်လှုပ်နေခြင်းဖြစ်သည်။​မြေငလျင်ကြီးလှုပ်ခတ်ပြီး ​နောက်ဆက်တွဲ ​မြေငလျင် ၃ ရက်အတွင်းအကြိမ်​ပေါင်းများစွာလှုပ်ခတ်​နေရာ အများစုမှာအင်အားနည်း​သော်လည်း ငလျင်ကြီးလှုပ်ပြီး ၁၂ မိနစ်အကြာတွင် တံတာဦးမြို့နယ်ကို ဗဟိုပြု​မြေငလျင်မှာမဂ္ဂနီကျု ၆ ဒသမ ၄ ဖြင့်အပြင်းထန်ဆုံးဖြစ်သည်။

ထို​နောက် မတ် ၂၉ ရက်တွင် ​နေပြည်​တော် နှင့် မတ် ၃၀ တွင် မန္တ​​လေး၌ အင်အားအသင့်ဖြစ်​သော ၅ ဒသမ ၁ ရှိ​နောက်ဆက်တွဲ ​မြေငလျင်လှုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လျှပ်စစ်မီးအပြင် ရေနှင့်စက်သုံးဆီပြတ်လပ်မှုဆိုးရွားစွာခံစားနေရဟု မန္တလေးမြို့ခံပြော

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF၏ ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်သည့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများ ပေးအပ်လိုသည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကို ဖိတ်ခေါ်ကြိုဆိုကြောင်း မန္တလေးPDFက ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၌ သေဆုံးသူ ၁၆၀ကျော်ရှိလာကြောင်း အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

သတင်း

ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ ငလျင်ကြီး ရဲ့ ဗဟိုချက်နားမှာရှိတဲ့ စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေး တွေ အပူတပြင်းလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော် ဖေ့ဘွတ်ခ်ကနေ ဒီနေ့ (မတ်လ ၃၀) မှာ အသိပေးကြေညာပါတယ်။

Facebook