မတ်-၂၇ ၊၂၀၂၅။ သုည/People’s Spring
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ မြေနီကုန်းခုံးကျော်တံတားအနီးတွင် ယနေ့ (မတ်လ ၂၇) ည ၁၁နာရီခွဲခန့်တွင် ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားရာ လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။
“ဖြစ်တာက ၁၁နာရီခွဲဲဲလောက်က ဖြစ်မယ် ထင်တယ်။ မြေနီကုန်းခုံးကျော်တံတားအဆင်းနားမှာ Ertiga ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ မှောက်တာပါ။ လမ်းဘေးပလက်ဖောင်းတွေကို ဝင်တိုက်ပြီး ကားက မှောက်ခုံပါ လန်သွားတာပါ။ ကားမောင်းလာတဲ့ ကောင်လေးကတော့ ကားအောက်ညှပ်ပြီး ပွဲချင်းပြီး သေတယ်လို့ သိရပါတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သူက ပြောသည်။
ယင်းဖြစ်စဥ်တွင် ယာဥ်မောင်း လူငယ်အမျိုးသားတစ်ဦး သေဆုံးပြီး ယာဥ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် ကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
“ကားပေါ်မှာ ၄ ယောက်ပါတာ။ ယာဥ်မောင်းကောင်လေးကတော့ ဆုံးသွားပါပြီ။ နောက် အမျိုးသား လူငယ်တစ်ဦးနဲ့ ကလေးတစ်ယောက် ထိခိုက်မှုရှိပါတယ်။ ကလေးကတော့ ပွန်းပဲ့ဒဏ်ရာပဲရတယ်။ အမျိုးသားလူငယ်ကတော့ ထိခိုက်မှု နည်းနည်းပြင်းပါတယ်။ အခုတော့ ၂ ယောက်လုံးကို ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ်”ဟု ၎င်းက ဆိုသည်။
ယနေ့ည ၁၁ နာရီ ၂၀မိနစ်အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းပေါ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
