close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံက တော်လှန်ရေးတပ်ဖွဲ့ ၃ဖွဲ့ပေါင်းပြီး ထနောင်းမြေစစ်ကြောင်း ဖွဲ့စည်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက်တပ်တွေဖြစ်တဲ့ Anyar Federal Task Force(AFTF)တပ်၊ Freedom Fighter Guerrilla Force(FFGF)နဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ဟာ ဒီကနေ့ မတ်လ ၂၇ ရက်ကစပြီး “ထနောင်းမြေစစ်ကြောင်း” အမည်နဲ့ စစ်ကြောင်းတရပ် ဖွဲ့စည်းလိုက်တယ်လို့ Anyar Federal Task Force(AFTF)တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ကိုရဲရန်က ပြော​ပါတယ်။

မဟာမိတ်၃ဖွဲ့ ထနောင်းမြေစစ်ကြောင်းအဖြစ်ဖွဲ့စည်းသည့်အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ-AFTF

မတ်၂၇/၂၀၂၅ မင်းညို၊ People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက်တပ်တွေဖြစ်တဲ့ Anyar Federal Task Force(AFTF)တပ်၊ Freedom Fighter Guerrilla Force(FFGF)နဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ဟာ ဒီကနေ့ မတ်လ ၂၇ ရက်ကစပြီး “ထနောင်းမြေစစ်ကြောင်း” အမည်နဲ့ စစ်ကြောင်းတရပ် ဖွဲ့စည်းလိုက်တယ်လို့ Anyar Federal Task Force(AFTF)တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ကိုရဲရန်က ပြော​ပါတယ်။

“ဒီထက်ပိုပြီးတော်လှန်ရေးကို ရှေ့ရောက်အောင်ပါ။ စုပေါင်းအားနဲ့ဆို ပိုရှေ့ရောက်တာပေါ့။”လို့ ကိုရဲရန်က ပြောပါတယ်။

ထနောင်းမြေ စစ်ကြောင်းဟာ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ လက်အောက်မှာ မရှိပေမဲ့ MODရဲ့ လမ်းညွှန်ချပြထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စစ်ရေးအရှိန် မြှင့်တင်သွားမယ်လို့ တော်လှန်ရေးအဖွဲ့တွေက အသိပေးပါတယ်။ ဒါ့အပြင် စစ်ကြောင်းတစ်ရပ်ဖွဲ့စည်းလိုက်ချိန်ကစပြီး တော်လှန်ရေးပြီးဆုံးသည်အထိ မဟာမိတ်တွေနဲ့ စည်းလုံးစွာ တိုက်ပွဲဝင်သွားမယ်လို့ ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

Facebook