close
Connect with us

Hi, what are you looking for?

သတင်း

ရွှေစာရံလမ်းပိုင်း မှာ ကားမှောက်ပြီး ၆ ဦးသေဆုံး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ၊ ရွှေစာရံလမ်းပိုင်းမှာ မနေ့ (မတ်လ ၁၅ ) ညနေပိုင်း က ကားမှောက်ပြီး ခရီးသည် ၆ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူအချို့ကပြောပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံလမ်းပိုင်းမှာ မနေ့ (မတ်လ ၁၅ ) ညနေပိုင်း က ကားမှောက်ပြီး ခရီးသည် ၆ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူအချို့ကပြောပါတယ်။

ပြင်ဦးလွင်ကနေ ပုသိမ်ကြီးမြို့နယ်ထဲက ရွှေစာရံဘုရားပွဲ လာရောက်ပြီး အပြန် စဥ့်ကိုင်နဲ့ပုသိမ်ကြီးမြို့နယ်အစပ် မီးသွေးဖုတ်ကျေးရွာအနီး ၊ဒုဌဝတီတံတားအကျော် တိုးဂိတ်အလွန်မှာ တိမ်းမှောက်တာလို့သိရပါတယ်။

“ရွှေစာရံအပြန် လမ်းမှားလို့ ပြန်ကွေ့တဲ့အချိန်မှာ အရှိန်လွန်ပြီး မြောင်းထဲ ပြုတ်ကြတာ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိမ်းမှောက်တဲ့ကားဟာ Double Cab 4WD pickup အမျိုးအစားဖြစ်ပြီး ကားပေါ်မှာ ပြင်ဦးလွင်မြို့ ၊ မိုးကြိုးရွာမ ဒေသခံ ၁၃ ဦး လိုက်ပါလာတယ်လို့သိရပါတယ်။

အခင်းဖြစ်ပြီး ဆေးရုံ ရောက်ချိန်မှာပဲ ၅ ဦးသေဆုံးခဲ့ပြီး ည ၁၂ နာရီမှာ အမျိုးသမီး ၁ ဦး ထပ်မံဆုံးပါး ခဲ့ရတယ်လို့ ကူညီရေးကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူက ပြောပါတယ်။

သေဆုံးသူစုစုပေါင်း ၆ ဦးမှာ ကျား ၂ ဦး ၊မ ၄ ဦး ဖြစ်ပြီး သေဆုံးသူတွေထဲ ကလေး ၃ ဦး ပါဝင်တယ်လို့သိရပါတယ်။ ကျန်ရှိတဲ့ ဒဏ်ရာရသူတွေကတော့ မန္တလေးဆေးရုံးကြီးမှာ ကုသမှုခံယူနေရပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ ရွှေစာရံ ဘုရားပွဲတော်ကို နှစ်စဥ် တပေါင်းလပြည့်နေ့က စတင်ကျင်းပလေ့ရှိတာပါ။

ဓာတ်ပုံ – စေတနာမွန်လူမှုရေးအသင်

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တောင်သူတွေအားထားရတဲ့ ကျောက်မီးချောင်းမကြီးရဲ့ ရေပြွန်ပေါက်တွေကနေရေလွှတ်မပေးတဲ့အတွက် မိုးစပါးမစိုက်ပျိုးနိုင်ဖြစ်နေတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ ၃ရက်အတွင်း အမျိုးသား၈ဦးပေါ်တာဆွဲခံရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး ယူနီဖောင်းဝတ်ပြီး ဆိုင်ကယ်စီးလာချိန် ဇန်နဝါရီလ ၅ ရက် ကပစ်ခတ်ခံရတာကြောင့်သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

အဆိုပါ ကားတိမ်းမှောက်မှု ဒဏ်ရာကြောင့် လာမည့် ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံတွင် ထိုးသတ်မည့် One Championship ပွဲစဥ်ကို လွဲချော်မည် ဖြစ်ကြောင်း စိုးလင်းဦးက ဆိုသည်။