close
Connect with us

Hi, what are you looking for?

သတင်း

New South Wales Parliament House မှာ မိန့်ခွန်းပြောခွင့်ရခဲ့တဲ့ ဖြူဖြူကျော်သိန်း

တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ဖို့ ဩစတေးလျ နိုင်ငံကို ရောက်ရှိနေတဲ့ ဖြူဖြူကျော်သိန်းက New South Wales Parliament House မှာ မိန့်ခွန်းပြောခွင့်ရခဲ့ပြီး Unshaken Spirit Heart Award ကိုလက်ခံခဲ့ရတယ်လို့ အသိပေးထားပါတယ်။

မတ်-၂၇၊၂၀၂၅။ဆဏ်း / People’s Spring

တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ဖို့ ဩစတေးလျ နိုင်ငံကို ရောက်ရှိနေတဲ့ ဖြူဖြူကျော်သိန်းက New South Wales Parliament House မှာ မိန့်ခွန်းပြောခွင့်ရခဲ့ပြီး Unshaken Spirit Heart Award ကိုလက်ခံခဲ့ရတယ်လို့ အသိပေးထားပါတယ်။

“Unshaken Spirit Heart Award ဆိုတဲ့ Community Award ကိုလည်း ဂုဏ်ယူစွာ လက်ခံယူခဲ့ပါတယ်။ ဒီဆုလေးဟာ ဒီ ၄ နှစ်တာမှာ ပြည်သူ့ဖက်ရပ်တည်တဲ့ အနုပညာရှင်ကို မြန်မာ community က ပထမဆုံးပေးတဲ့ဆုလေးပါ။ ခုလို အသိအမှတ်ပြုမှုအတွက် Heart Beams Rising ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

New South Wales Parliament House မှာ မိန့်ခွန်း ပြောခဲ့ချိန်မှာတော့ ပါလီမန် အမတ်များတွေ မြန်မာ့အ‌ရေးတက်ကြွလှုပ်ရှားသူများနဲ့အတူ ပါမောက္ခ Sean Turnell လည်း တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဒီနေ့ ဖြူဖြူနဲ့အတူ သယ်ဆောင်လာတာက မြန်မာနိုင်ငံတနှံ့တလျား တောတောင်နယ်စပ် အသီးသီး နဲ့ ကမ္ဘာအရပ်ရပ်မှာ ခိုလှုံနေရတဲ့ မြန်မာပြည်သူပရိသတ်‌တွေနဲ့ ဖြူဖြူ့ရဲ့အနုပညာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ချင်းစီရဲ့ ရင်တွင်းက စကားသံလေးတွေပါ” လို့ သူမရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး ပြောထားပါတယ်။

သူမရဲ့ မိန့်ခွန်းကို နားထောင်ခဲ့တဲ့ ပါလီမန်အမတ်တစ်ယောက်က “ဪ…ငါတို့သိတဲ့ ဒီမိုကရေစီဆိုတာ သူ့အလိုအလျောက် ရှင်သန်နေနိုင်တာ မဟုတ်ပါလား၊ ဒါက ကာကွယ် ထိန်းသိမ်းရမယ့်အရာပါလား” လို့တွေးမိတယ်လို့ ပွဲအပြီးမှာပြောခဲ့တဲ့အကြောင်း ဖြူဖြူက ပြန်လည်မျှဝေထားပါတယ်။

ဖြူဖြူကျော်သိန်းက ဩစတေးလျ နိုင်ငံမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ နှစ်ပွဲပြုလုပ်မှာဖြစ်ပြီး ဧပြီ ၅ ရက်မှာ ဆစ်ဒနီမြို့ နဲ့ ဧပြီ ၁၂ ရက်မှာ မဲလ်ဘုန်း မြို့တို့မှာပြုလုပ်မှာဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေကို တော်လှန်ရေးအတွက်ထောက်ပို့ နိုင်ဖို့ ပြုလုပ်နေတာဖြစ်ပြီး သူမရဲ့ အနုပညာကြေးမယူပဲ ဖျော်ဖြေပေးနေတာပါ။

ပထမဆုံးပွဲအနေနဲ့ လန်ဒန်မြို့မှာ ပြုလုပ်ခဲ့ပြီး ဒုတိယပွဲကိုတော့ ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်းကလိုအပ်နေတဲ့နေရာတွေမှာ အသုံးပြုဖို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ တွေ ပြုလုပ်နေတဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ တတိယမြောက်တစ်ကိုယ်တော်ပွဲကို ဩစတေးလျ နိုင်ငံမှာ ပြုလုပ်မှာဖြစ်ပါတယ်။

သတင်း

တော်လှန်ရေးကာလမှာ ပြုလုပ်တဲ့ အဆို‌တော်ဖြူဖြူကျော်သိန်းရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲက‌နေ ရန်ပုံငွေ ကျပ်သိန်း ၇၀၀၀ ခန့်ရရှိခဲ့‌တယ်လို့ ဒီပွဲကိုစီစဉ်တဲ့ Phyu Phyu In Korea ပေ့ခ်ျကအသိပေးထားပါတယ်။

နိုင်ငံတကာ

ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကြား ပင်လယ်ပြင်မှာ တရုတ်ရေတပ်ရဲ့ စစ်ရေး လေ့ကျင်နေမှုကို နှစ်နိုင်ငံစလုံးက နိုးနိုးကြားကြား စောင့်ကြည့်နေကြပါတယ်။

နိုင်ငံတကာ

ဩစတြေးလျ ကမ်းရိုးတန်း တစ်နေရာမှာ အရေအတွက် ရာနဲ့ချီ အစုလိုက် သောင်တင်နေတဲ့ ဝေလငါးတွေထဲက ရနိုင်သမျှကို ကယ်ဆယ်နိုင်ဖို့ ကျွမ်းကျင်သူတွေ၊ စေတနာ့ဝန်ထမ်းတွေ အပူတပြင်း ကြိုးစားနေကြပါတယ်။