ရန်ကုန် − မန္တလေးအမြန်လမ်းမှာ မနေ့ ညနေပိုင်း က ဒိုင်နာ ကားတစ်စီး တိမ်းမှောက်ကာ ၃ ဦး သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။
အမြန်လမ်းရဲ့ ၂၉၆ မိုင် ၆ ဖာလုံမှာ ညနေပိုင်း ၅ နာရီ ၄၀ မိနစ်ခန့်က တိမ်းမှောက်တဲ့သတင်းရတာလို့ မီးသတ်က ဆိုပါတယ်။

တိမ်းမှောက်သွားတဲ့ ဒိုင်နာကားပေါ်မှာ အမျိုးသား ၅ ဦး၊အမျိုးသမီး ၉ ဦးစုစုပေါင်း ၁၄ ဦးလိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးသွားတာပါ။
ဒဏ်ရာရသူ ၁၀ ဦးမှာ အမျိုးသမီး ၁ ဦးဟာ စိုးရိမ်ရတယ်လို့ မီးသတ်က ဆိုထားပါတယ်။

မန္တလေးကနေ ဈေးဝယ်ပြန်လာတဲ့ ကားတိမ်းမှောက်တာဖြစ်ပြီး ဒဏ်ရာရသူတွေကို မိတ္တီလာဆေးရုံကိုပို့ဆောင်ထားတယ်လို့ မိတ္ထီလာမြို့နယ် ပြည်သာယာလူငယ်ပရဟိတအသင်းက စုံစမ်းသိရပါတယ်။
ယာဉ်ပေါ်လိုက်ပါလာသူတွေဟာ ပျော်ဘွယ်မြို့နယ် မင်းတဲရွာကဖြစ်တယ်လို့ သိရပါတယ်။
