close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအစပ်မှာ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ကိုးဦးထက်မနည်း သေဆုံး၊ စစ်သုံ့ပန်း ၉ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရ

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ကိုးဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပန်း ၉ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အလောင်းအချို့နှင့် ဖမ်းဆီးရမိသော စစ်သုံ့ပန်းအချို့အား တွေ့ရစဥ်

မင်းညို/People’s Spring

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ကိုးဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပန်း ၉ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၂၆ ရက် နံနက် ၈နာရီခန့်က မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသနဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲပြင်းထန်ခဲ့လို့ စစ်ကောင်စီက Jet-Fighter နဲ့တစ်ကြိမ်၊Mi-35နဲ့ တစ်ကြိမ် နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အ​ပြင် ရေစကြိုမြို့ပေါ်ကနေ ဟောင်ဝစ်ဇာအမြောက်တွေနဲ့ ပစ်ကူပေးခဲ့တဲ့တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ရုပ်အလောင်း ကိုးလောင်းနဲ့ စစ်သုံ့ပန်း ကိုးဦး ဖမ်းဆီးရမိတယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

“သေဆုံးတဲ့အထဲမှာ (၃)ပွင့်ဗိုလ်ကြီးတစ် ယောက်ပါတယ်။ အဓိကကတော့ စိတ်ဓါတ်ပါပဲ။ သူတို့က ကျွန်တော်တို့ထက် ခဲယမ်းသာတယ်။ လက်နက်ကောင်းတယ်။ ကျွန်တော်တို့မှာ လက်လုပ်နဲ့ပဲ အဓိကတိုက်ခဲ့ရတာ။ မောင်းပြန်ဆိုလို့ သိပ်မပါဘူး။ အဓိကက စိတ်ဓါတ်ကစကားပြောသွားတာ။ ခံယူချက်တွေကောပေါ့။”လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူ ၂၀ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။

MBTတပ်ဖွဲ့က ရဲဘော်နှစ်ဦးနဲ့ မဟာမိတ်တပ်တွေဘက်က ရဲဘော်တချို့ထိခိုက်မှုရှိခဲ့ကြောင်းလည်း သိရပါတယ်။

တိုက်ပွဲအတွင်းကနေ ၆၀မမ တစ်လက်၊ RPG- 7 တစ်လက်အပါအဝင် လက်နက်ငယ်တချို့နဲ့ အခြား ခဲယမ်းဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ MBT တပ်ဖွဲ့က ပြောပါတယ်။

အဲဒီစစ်ကြောင်းကို Myingyan Black Tiger (MBT)တပ်ဖွဲ့အပါအဝင် မြောင်တပ်ပေါင်းစု၊Royal Brother Defence Force (RBDF)၊သွေးသောက်တပ်ဖွဲ့၊​ရေစကြိုမြို့နယ် (ပလဖ)၊MSPDFနဲ့ အခြားညီနောင်မဟာမိတ်တွေက တဖက်နဲ့ တခြားတဖက်မှာလည်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (MCRF)၊ စစ်ကိုင်းခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့ (စစ်ကိုင်း ပလဖ)၊ ဆင်ရိုင်းစစ်ကြောင်း(မြောင်)၊ ကျေးရွာတပ်ပေါင်းစု၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၂)၊ စစ်ကိုင်းခရိုင်တပ်ရင်း (၄)၊ မြောင်တိုက်နယ်(၆) ပ.က.ဖ၊ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မြောင် ပလဖ)၊ Wolf Brother – ကျောက်ဆည်နဂါးနီ၊ Liberation Army of Central Region၊ 8 Stars၊ Taloke PDF၊ ဒေါင်းစစ်သည်၊ Myaung Union Army၊ ဝရဇိန်ထုတ်လုပ်ရေး၊ ဒေါင်းညီနောင်၊ မြင်းခြံမြို့နယ် ပ.က.ဖ စတဲ့အဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီကနေ့အထိ ရေစကြိုမြို့၊ ငြိမ်းဇာနည်တပ်စခန်းအနီးက သဲသောင်ပြင်မှာ ရှိနေဆဲပဲလို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်သုံ့ပန်းများထားသော မောင်တောမြို့မှ နယ်ခြားစောင့်တပ်ရင်းကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ စစ်သုံ့ပန်း ၃၀ဦးထက်မနည်းသေဆုံးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီမှ သေဆုံးသူနှင့် အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိဟုဆို