သုည/People’s Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်း ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက “အထွေထွေကြပ်တည်းမှုကို အံတုကြ”၊ “ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ဆိုတဲ့စာသားတွေ ကိုင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေဟာ “တော်လှန်ပြည်သူတွေဟာ “အထွေထွေဖိနှိပ်ကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားတွေ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
