ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာအား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ မယ်သီလရှင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ၂၈ရက် နေ့လည်တွင် လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ဗုံးသုံးလုံး ကြဲချခဲ့ရာ မယ်သီလရှင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ငါးလုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်ဟု အသိပေးသည်။
ဖေဖော်ဝါရီ ၂၀ရက်ကလည်း နောင်ချိုမြို့နယ် ဒရှိ လောက်ဖန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ဟု TNLA က အသိပေးသည်။
ထို့ပြင် လေကြောင်းရန်မှကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
