close
Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်သုံးဦး ဖယ်ခုံ PDFထံ အလင်းဝင်လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်၌ တာဝန်ကျနေသည့် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် သုံးဦး ဖယ်ခုံ PDF(၁၀၀၆)တပ်ရင်းနှင့် ချိတ်ဆက်၍ အလင်းဝင်လာကြောင်း အဆိုပါတပ်ရင်းက အသိပေးထားသည်။

အလင်းဝင်လာသော တပ်သားသစ် သုံးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - ဖယ်ခုံPDF (၁၀၀၆)တပ်ရင်း

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်၌ တာဝန်ကျနေသည့် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် သုံးဦး ဖယ်ခုံ PDF(၁၀၀၆)တပ်ရင်းနှင့် ချိတ်ဆက်၍ အလင်းဝင်လာကြောင်း အဆိုပါတပ်ရင်းက အသိပေးထားသည်။

အဆိုပါတပ်သား သုံးဦးသည် MA1တစ်လက်၊ MA3 နှစ်လက်နှင့် ကျည်တောင့် ၁၂၀တို့သယ်ဆောင်လာပြီး ဖေဖော်ဝါရီ ၂၄ရက်တွင် ဖယ်ခုံ PDFက သွားရောက်ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။

အလင်းဝင်လာသော တပ်သားသစ် သုံးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – ဖယ်ခုံPDF (၁၀၀၆)တပ်ရင်း

“စစ်မှုထမ်းဥပဒေနဲ့ မတရားတာဝန်ထမ်းဆောင်ရတဲ့သူတွေပါ။လောလောဆယ် တပ်ရင်းမှာဘေးကင်းလုံခြုံစွာရှိနေတယ်။ဆုကြေးငွေလည်း ချီးမြှင့်ထားတယ်။ထပ်ပြီးတော့လည်း NUG MOD ကနေ သူတို့အတွက် အထောက်အပံ့တွေ ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု ဖယ်ခုံPDF (၁၀၀၆)တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်မှ ပြည်သူလူထုအပေါ် နှိပ်စက်အကြမ်းဖက်မှုများကို လက်သင့်မခံနိုင်သောကြောင့် ဓမ္မတရားအတွက် အရဲစွန့် ရုန်းထွက်လာရခြင်းဖြစ်ဟု တပ်သားသစ်သုံးဦးက ထွက်ဆိုထားသည်။

ထို့အပြင် စစ်တပ်တွင်းမှ အလင်းဝင်ရောက်လိုသူများလည်း အစဥ်အမြဲကြိုဆိုနေပြီး ဘေးကင်းလုံခြုံမှုအာမခံကြောင်း ဖယ်ခုံPDF (၁၀၀၆)တပ်ရင်းက အသိပေးသည်။

မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစုဆောင်းထားသည့် တပ်သားသစ်များကို အသုံးပြုနေပြီး တော်လှန်ရေးအင်အားစုထံ အလင်းဝင်လာသူမှာလည်း ရာဂဏန်းခန့်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက စစ်မှုထမ်းဥပ​ဒေဖြင့် စစ်သားစု​ဆောင်း​သောအခါ ငွေကြေးချမ်းသာသူများ၏သားသမီးများအား ‌ကျပ်သိန်း ရာချီယူ၍ စာရင်းမှပယ်ဖျက်ပေးပြီး ‌ချို့တဲ့သူများ၏ သားသမီးများအား ညအချိန် တွင်ပင်အိမ်ထဲ စီးနင်းဝင်ရောက်၍ဖမ်းဆီးနေ​ကြောင်း​ဒေသခံပြည်သူများက​ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်အတွက် တပ်သားသစ်များ ရရှိရေး ၎င်း၏လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNOက ပအိုဝ်းဒေသခံများအား စစ်မှုထမ်းရန် အတင်းအကြပ် အမိန့်ပေးခေါ်ဆောင်လျက်ရှိကြောင်း အဆိုပါဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့်အဓမ္မစုဆောင်းထားသည့် တပ်သားသစ်ငါးဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီပြည်နယ်နှင့် မကွေးတိုင်းရှိ သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်သည်။

သတင်း

အောင်လံမြို့တွင် စစ်မှုထမ်းရန်နေအိမ်ထဲဝင်ဖမ်းသည့် ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦးကို ဓားနှင့်ခုတ်ကာ ပြန်လည်ခုခံခဲ့သည့်မိသားစု ဘေးကင်းလုံခြုံစွာရှိနေကြောင်းသရက်ခရိုင်အမှတ်(၂)တပ်ရင်း၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် -အောင်လံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။