close
Connect with us

Hi, what are you looking for?

သတင်း

စေတုတ္တရာတွင် စစ်ကောင်စီတပ် လေထီးဖြင့်ဗုံးကြဲ၍ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူရှစ်ဦး သေဆုံး

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor)ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူရှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor)ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူရှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၃ ရက်(ယနေ့) နံနက်အစောပိုင်းက စေတုတ္တရာမြို့နယ်၊ မုံညှင်းကျေးရွာအနီး တောင်သူများတဲထိုး၍ စုဝေးနေထိုင်သည့် မင်းလမ်းယာတဲစုအား နံနက် ၃ နာရီ ၁၅မိနစ်တွင် တစ်ကြိမ်၊ ၃ နာရီ ၁၈ မိနစ်တွင် တစ်ကြိမ် စစ်ကောင်စီတပ်က စက်တပ်လေးထီးအသုံးပြုကာ ဗုံးသီးများ လာရောက်ကြဲချခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

“အဲနေရာက တောင်သူတွေ ယာလုပ်ပြီးနေတဲ့နေရာပါ။ တဲအိမ်လေးတွေစုပြီး ရွာလေးလိုဖြစ်နေတာ။ ခြံစည်းရိုးကာတာတွေဘာတွေမရှိဘူး။ ယာတဲလေးတွေဆိုတော့ အိမ်ဝိုင်းရယ်ဘာရယ်မရှိဘူး ကပ်ကပ်လေးတွေဆောက်ထားတာ။ ထရံကာ သက္ကယ်မိုးအိမ်လေးတွေ”ဟု စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခံရသည့် တဲစုအခြေအနေကို စေတုတ္တရာဒေသခံပြည်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲရာတွင် ပထ်အကြိမ်၌ ဗုံးသီးတစ်လုံး၊ ဒုတိယအကြိမ်၌ ဗုံးသီးနှစ်လုံး အသီးသီးကြဲချခဲ့ပြီး ဗုံးထိမှန်မှုကြောင့် (၃)နှစ်အရွယ်နှင့် (၁၀)နှစ်အရွယ်ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူရှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူ များထံမှ သိရသည်။

အလားတူ ဗုံးကြဲခံရမှုအတွင်း တဲအိမ် ၁၀လုံးခန့်ပြိုကျ ပျက်စီးကာ တောင်ယာလုပ်ငန်းသုံး နွား ၂၄ ကောင် ထိခိုက်သေဆုံးခဲ့ကြောင်း၊ ယခုဗုံးကြဲခံရသည့် နေရာသည် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ မကွေးလေတပ်မှ စက်တပ်လေထီး(Paramotor)နှစ်စင်းဖြင့် အကြောင်းမဲ့လာရောက်ကြဲချခြင်းဟု ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည် ဇန်နဝါရီ ၃၀ရက်ကလည်း စေတုတ္တရာနှင့် ပွင့်ဖြူမြို့နယ်အစပ်မှ ရေရှင်aus;ရွာအား စစ်ကောင်စီတပ်က လေထီးဖြင့်ဗုံးကြဲ၍ နေအိမ်တစ်လုံးမီးလောင်ပြီး ဒေသခံပြည်သူအချို့ထိခိုက်ဒဏ်ရာရသည့်အပြင် နွားများလည်း ထိခိုက်သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

■နိုင်ငံလူဦး​ရေး၏ သုံးပုံတစ်ပုံခန့် ဖြစ်သောလူဦးရေ ၁၅ သန်းကျော်သည်လည်းစားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်နေရ ရဲခေါင်/People’s Spring စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အတွင်း မြန်မာနိုင်ငံ ၌ နေရပ်စွန့်ခွာရသူ ၃ သန်းခွဲကျော်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်သည်။ ဖေဖော်ဝါရီ တတိယပတ်က လူသားချင်းစာနာမှုဆိုင် ရာ UNOCHA...

သတင်း

မန္တလေးနဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နှစ်ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

သုည/People’s Spring စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၁)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက...

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဝါစိုင်ပျိုးရေးတပ် ရှေ့တန်းစစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။