close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခန့် သံအမတ်နှင့် ကောင်စစ်ဝန် ၃၀ဦးအား အမည်ပျက်စာရင်းထည့်သွင်းကြောင်း NUG ကြေညာ

တရားမဝင်ခန့်အပ်မှုဖြင့် စစ်ကောင်စီ၏ထောက်တိုင်များအဖြစ် ဆောင်ရွက်နေသည့် သံအ မတ်နှင့် ကောင်စစ်ဝန်ချုပ်ဆိုသူ ၃၀ဦးအား အမည်ပျက်စာရင်း(Blacklist)၌ ထည့်သွင်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဖေဖော်ဝါရီ ၂၃ရက်) ထုတ်ပြန် ကြေညာလိုက်သည်။

ထိုင်းရောက်မြန်မာလုပ်သားများ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြနေသည်ကို ၂၀၂၂ ဇူလိုင် ၂၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - PS

ဟန်နွေ/People’s Spring

တရားမဝင်ခန့်အပ်မှုဖြင့် စစ်ကောင်စီ၏ထောက်တိုင်များအဖြစ် ဆောင်ရွက်နေသည့် သံအ မတ်နှင့် ကောင်စစ်ဝန်ချုပ်ဆိုသူ ၃၀ဦးအား အမည်ပျက်စာရင်း(Blacklist)၌ ထည့်သွင်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဖေဖော်ဝါရီ ၂၃ရက်) ထုတ်ပြန် ကြေညာလိုက်သည်။

စစ်ကောင်စီ လက်ပါးစေဝန်ထမ်းများအား အမည်ပျက်စာရင်း ကြေညာမှုကို အသုတ်လိုက်ထုတ်ပြန်လျက်ရှိရာ ယနေ့တွင် စတုတ္ထအသုတ်နှင့် တတိယအသုတ်အမည်စာရင်းများကို ဖော်ပြခဲ့ပြီး ပြင်းထန်စွာ သတိပေးလိုက်ကြောင်း ထုတ်ပြန်သည်။ စစ်ကောင်စီ၏ သံအမတ် ၂၃ဦးနှင့် ကောင်စစ်ဝန်ဆိုသူ ခုနစ်ဦးတို့အား အမည်ပျက်စာရင်းထည့်သွင်းခြင်း ဖြစ်သည်။

အမည်ပျက်စာရင်း စတုတ္ထအသုတ်၌ပါဝင်သည့် စစ်ကောင်စီ လက်ပါးစေများမှာ ပေကျင်းမြို့၊ ဘဲဂရိတ်မြို့၊ ဒါကာမြို့၊ ကတ္တမန္ဒူးမြို့၊ နယူးဒေလီမြို့၊ ဖနောင်ပင်မြို့၊ စင်ကာပူမြို့၊ တဲလ်အဗီးမြို့ မြန်မာသံရုံးများမှ သံအမတ်များ ပါဝင်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် နယူးယောက်မြို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ချင်းမိုင်မြို့၊ မင့်စ်မြို့၊ နိုဗိုစီဗစ်မြို့၊ စိန့်ပီတာစဘတ်မြို့များရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်များလည်းပါဝင်သည်။

အမည်ပျက်စာရင်း (Blacklist) (တတိယအသုတ်)တွင် အစ္စလာမာဘတ်မြို့၊ ဂျကာတာမြို့၊ကွာလာလမ်ပူမြို့၊ မော်စကိုမြို့၊ ပါရီမြို့၊ ပရီတိုးရီးယားမြို့၊ ရီယာဒ်မြို့၊ ရောမမြို့၊ ဆိုးလ်မြို့၊ ဗီယင်ကျန်းမြို့၊ ဘန်ဒါဆရီဘီဂါဝန်မြို့၊ ဟားဗားနားမြို့၊ လန်ဒန်မြို့၊ မနီလာမြို့၊ ဘာလင်မြို့တို့ရှိ မြန်မာသံရုံးများမှ သံအမတ်များ ပါဝင်သည်။

ထို့ပြင် ကောလ်ကတ္တားမြို့၊ လော့စ်အိန်ဂျလိစ်မြို့တို့မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံးရှိ ကောင်စစ်ဝန်များလည်း ပါဝင်သည်။

ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် တာဝန်ထမ်းဆောင်နေကြသည့် သံအမတ်ကြီးများနှင့် သံတမန်များအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား ကိုယ်စားမပြုဘဲ “ပြည်သူသာ အဓိက၊ ပြည်သူနှင့်အတူ” ဟူသော ဆောင်ပုဒ်နှင့်အညီ အမှန်တရားနှင့် ပြည်သူ့ဘက်မှ ရပ်တည် ပေးရန်လည်း သတိပေးနှိုးဆော်ခဲ့ပြီး ဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူများအပေါ် လူမဆန်စွာ မတရား နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်၍ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများကို မျက်ကွယ်ပြုကာ နိုင်ငံ တကာအသိုင်းအဝိုင်းသို့ မဟုတ်မမှန်သည့် သတင်းမှားဝါဒဖြန့်မှုများအား အကြမ်းဖက်စစ် အုပ်စု၏ ဒေါက်တိုင်များအဖြစ် ဆက်လက်လုပ်ဆောင်နေ၍ ယခုကဲ့သို့ အမည်ပျက်စာရင်း ကြေညာခြင်းဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများအား ကူညီ၊ကာကွယ်စောင့်ရှောက်ရမည့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရမည့်အစား မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန်ကိစ္စများ၊ ကောင်စစ် ရေးရာကိစ္စများနှင့် ပြည်ပ၌ ဆက်လက်နေထိုင်၊ အလုပ်လုပ်ကိုင်ရေးတို့တွင် ပိုမိုခက်ခဲ ကျပ်တည်းစေရန် မြန်မာနိုင်ငံသားများအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများ လုပ်ဆောင်နေကြပြီး အကြမ်းဖက်စစ်အုပ်စု၏ မတရားအဓမ္မစစ်သားစုဆောင်းမှုနှင့် မတရားဖိနှိပ်မှုများကို လက်ပါးစေပီသစွာ ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ပေးနေသည့်အတွက် ယခင် ထုတ်ပြန်ထားသည့် အမည်ပျက်စာရင်းတွင် ပါရှိပြီးသူများကို ထပ်လောင်း သတိပေးလိုက်ကြောင်း ဖော်ပြကာ ယခုထပ်မံ၍ ညအမည်ပျက်စာရင်းများ ထပ်လောင်း ကြေညာခဲ့ခြင်းဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက တရုတ်မုန်းတီး​ရေး လှုံ့​ဆော်မှုများပြုလုပ်​နေချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ်အဖြစ် မစ္စမာကျားအား တရုတ်နိုင်ငံ၏ အဆိုပြုချက်အပေါ် အာဏာသိမ်းစစ်ကောင်စီက သဘောတူပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

သတင်း

ကုလသမဂ္ဂ အစီရင်ခံစာများအရ အကြမ်းဖက်စစ်ကောင်စီက အထောက်အပံ့များ ဖြန့်ဝေမှုကို တားဆီးပိတ်ပင်နေပြီး မုန်တိုင်းမတိုက်ခတ်မီက ရိုဟင်ဂျာများအပါအဝင် လူထု၏ ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းမှုကို တားဆီးခဲ့သည်ကို သိရှိရသည့်အတွက် များစွာစိတ်ပျက်ရကြောင်း NUG က ဆိုသည်။