close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနဲ့ စစ်ကိုင်းမှာ နှစ်ငါးလုံးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်

မန္တလေးနဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နှစ်ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ AAMIJ

သုည/People’s Spring

မန္တလေးနဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နှစ်ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

လုံခြုံရေးတင်းကြပ်နေတဲ့ မန္တလေးမြို့ အာဇာနည်ဗိမာန်နဲ့ ဆေးတက္ကသိုလ် (မန္တလေး) အနီးနားမှာ သပိတ်အင်အားစုမှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ် စစ်ကြောင်းက ဒီကနေ့မှာ နှစ်ငါးလုံးနေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီလူထုသပိတ်စစ်ကြောင်းက “အထွေထွေကြပ်တည်းမှုကို အံတုကြ”၊ “ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စတဲ့ စာသားတွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သုည/People’s Spring စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၁)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက...

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

နေ့လယ် ၁၂ နာရီကျော်သွားပေမဲ့ မန္တလေး၊ ရတနာပုံတံတားထိပ် နှာပေါက်လို့ခေါ်ကြတဲ့နေရာက စစ်ကောင်စီရဲ့ ယာဉ်စစ်ဆေးရေးအဖွဲ့ကတော့ ထမင်းစားနားကြမယ့်ပုံ မပေါ်သေးဘူး။ အဲဒီနှာပေါက်မရောက်ခင် စစ်ကိုင်း-မန္တလေးလမ်းဘေးတနေရာမှာတော့ တောင်းကြီးတောင်းငယ်အသွယ်သွယ်တင်ဆောင်ထားတဲ့ ဆိုင်ကယ်လေးတွေဟာ ရပ်တန့်ထားတယ်။ ဘေးနားမှာတော့ နှာပေါက်ဘက်လှမ်းကြည့်ရင်း သက်ပြင်းချသူချ၊ မှိုင်သူမှိုင်နဲ့။ အဲဒီအဖွဲ့ထဲမှာ အသက် ၃၅ နှစ်အရွယ် စျေးသည်မအေးကြွယ်(အမည်လွှဲ)လည်း...