close
Connect with us

Hi, what are you looking for?

All posts tagged "အညာ"

သတင်းဆောင်းပါး

အညာမှာ ဆောင်းနှောင်းကာလ သီးနှံတွေပေါ်ပါပြီ။ အရင်ကတော့ သီးနှံပေါ်ချိန်ဆို တောင်သူတွေ ပျော်ကြတယ်။ ထွက်လာတဲ့ သီးနှံအပုံကြီးကို ကြည့်ရင်း ပီတီဖြစ်ကြတယ်။ ရမယ့်စျေး ကြိုတွက်ရင်း စိတ်ကူးအိပ်မက်တွေ မက်ကြတယ်။ အခုကော တောင်သူတွေ ပျော်နိုင်ကြရဲ့လား။

ဆောင်းပါး

စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးလမ်းမကြီးဟာ အာဏာသိမ်းကာလမတိုင်မီတုန်းကတော့ နေ့ရောညပါ လူမပြတ်တဲ့ လမ်းမကြီးတစ်ခုပါ။ တရေးနိုးထသွားတောင် ဘေးအန္တရာယ်မရှိ သွားလမ်းကော လာလမ်းပါ ဖြောင့်ခဲ့တဲ့လမ်း။မန္တလေးနဲ့ မုံရွာ နှစ်မြို့တစ်မြို့ဖြစ်စေခဲ့တဲ့လမ်းမကြီးပါ။ အခုတော့ မုံရွာ-မန္တလေးလမ်းမကြီးဟာ အဲဒီအခြေအနေတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားစေခဲ့ပါပြီ။

ဆောင်းပါး

သီတင်းကျွတ်လဆန်းရက်မို့ အညာဟာ ပူနွေးနေခဲ့တယ်။ အညာမြေ မန္တလေးတိုင်း၊ တောင်သာနယ်က ထန်းလက်မိုးထန်းလက်ကာ နေအိမ်လေးရှိတဲ့ ဝင်းကလေးထဲကို တောင်သာ PDF အဖွဲ့က တော်လှန်ရေး ရဲဘော်တွေ ဝင်လာခဲ့ကြတယ်။

ဆောင်းပါး

စစ်ကြောင်းလာတယ်ဆိုလို့ ဒေါ်မြင့်(အမည်လွှဲ)တို့ မိသားစုဟာ ရပ်ထားတဲ့လှည်းပေါ်ကို ကပျာကယာ အဝတ်ထုပ်ကလေး၊ ထမင်းအိုးကလေး ပြေးတင်တယ်။ မိုးတွင်းမို့ မိုးကာကလည်း မပါမဖြစ်ပေါ့။ အမိုးအုပ်မထားတဲ့ ဟာလာဟင်းလင်း ပေါင်းမိုးတပ်လှည်းပေါ် နက်ထိုင်ရင်း နေကစူးကနဲ ပူလာတယ်။ ရှေ့မှာလည်း ဒေါ်မြင့်တို့လို လှည်းတွေတန်းစီနေပြီ။

သတင်း

တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက နယ်မြေတွေမှာ ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်နေပါတယ်။

ဆောင်းပါး

အညာတနေရာက ရွာတရွာမှာ ရွာသူရွာသားတွေ မြေကျင်းနက်နက်တူးနေကြတယ်။ ထွက်လာတဲ့မြေသားတွေကို မိန်းမသားတွေပါမကျန် ချွေးသံတရွှဲရွှဲနဲ့ သယ်ကြဖို့ကြတယ်။ ဒီအချိန်ဒီကာလ အညာမှာ အာစီတိုက်ဆောက်မလို့ ဖောင်ဒေးရှင်းကန်တူးတာတော့ မဟုတ်ပါဘူး။ စာသင်တာကိုတောင် လေကြောင်းနဲ့တိုက်ခိုက်၊ အသက်တွေရင်းပြီး ပညာသင်နေရတဲ့ အညာက ကလေးငယ်တွေအတွက် မြေအောက်စာသင်ကျောင်းကို စတင်ဆောက်လုပ်နေကြတာပါ။

ဆောင်းပါး

စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ စစ်ကိုင်းနယ် ရွာတရွာကအသက် (၇၅)နှစ်အရွယ် ဒေါ်မြ(အမည်လွှဲ)ဟာ ဒီကနေ့ ဇွန်လ (၁၉)ရက် မနက်ပိုင်းက ဘုရားရှိခိုးတာ အရင်နေ့ကထက် ပိုကြာခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ဟာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့ဖြစ်တာကြောင့် သူမအတွက် ဘုရားမှာ ဆုတောင်းပေးနေလို့ပါလို့ ဒေါ်မြက ပြောတယ်။

ဆောင်းပါး

သားရှင်ပြုအလှူ​လေးလုပ်ဖို့ မသဲဖြူတို့ မိသားစုစိတ်လှုပ်ရှား နေကြပါတယ်။ကိုရင်ဝတ်ချင်လွန်းတဲ့ ၁၀နှစ်အရွယ်သားဖြစ်သူက အိမ်ကိုပြန်မလာ။ဘုန်းကြီးကျောင်းမှာသာ အနေများပါတယ်။ဘုန်ကြီး​ကျောင်းမှာ​ပျော်​မွှေ​နေတဲ့ သား​တော်​မောင်ကကိုရင်ဝတ်ချင်လွန်းလှတာမို့ အလှူလုပ်​ပေးရမှာကို မိသားစု ​စိတ်လှုပ်ရှား​နေကြတာပါ။

ဆောင်းပါး

ငလျင်ကြောင့် အက်ကွဲကြောင်းကြီးတွေ ဖြစ်ပေါ်နေတဲ့ မန္တလေး၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ကမ်းနားလမ်းနဲ့ မနီးမဝေးမှာ အနည်းငယ် ယိုင်နဲ့နေတဲ့ နှစ်ထပ်သွပ်မိုးထရံကာ အိမ်လေးတလုံးရှိတယ်။ အဲဒီအိမ်လေးဟာ ငလျင်ကြောင့် ယိုင်နဲ့သွားတာဖြစ်ပြီး လက်သမားခေါ်ကာ ပြုပြင်ထားရတယ်လို့ အိမ်ရှင်ဖြစ်တဲ့ ကိုဘမြင့်(အမည်လွှဲ)က ပြောတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏တပ်မှူးသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏အုပ်ချုပ်ရေးနယ်မြေတနေရာတွင် မတ်လ ၈ရက်က ကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

More Posts

Facebook