close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေး KBZ ဘဏ်ဓားမြတိုက်သူကို ဖမ်းမိပြီလို့ဆို

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်ဘေးရှိ ကမ္ဘောဇဘဏ်ခွဲ ကို ဓားမြတိုက်သွားသူကို ဒီနေ့မှာ ဖမ်းမိခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက ဖော်ပြလာပါတယ်။

ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်

ဆိုင်းမင်း၊ရှိန်း /People’s Spring

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်ဘေးရှိ ကမ္ဘောဇဘဏ်ခွဲ ကို ဓားမြတိုက်သွားသူကို ဒီနေ့မှာ ဖမ်းမိခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက ဖော်ပြလာပါတယ်။

KBZ ဘဏ်ခွဲအမှတ် ( ၃၇) ဗောဓိကုန်းဘဏ်ခွဲကို မနေ့ ဖေဖော်ဝါရီလ ၂၁ ရက် နေ့ခင်း ၁နာရီ ၅၀မိနစ်မှာ အမျိုးသားတစ်ဦးက သေနတ်ပြခြိမ်းခြောက်ပြီး ငွေကျပ်သိန်း ၁,၅၀၀ကို ယူ ဆောင်သွားတာလို့ ဆိုပါတယ်။

ဒီနေ့ နံနက် ၉နာရီမှာ ကျူးလွန်တယ်လို့စွပ်စွဲခံရတဲ့ အသက် ၅၄ နှစ်အရွယ် ဦးသိန်းဇော်ဦးဆိုသူအမျိုးသားကို ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၀လမ်း၊ ၆၈ ဘီလမ်းနဲ့ ၆၈ စီ လမ်းရှိ နေအိမ်မှာ ဖမ်းမိတာလို့ဓာတ်ပုံတွေနဲ့တကွဖော်ပြလာတာပါ။

Public Service Announcement

Public Service Announcement

ဓားမြတိုက်စဥ်အသုံးပြုတဲ့ သေနတ်နဲ့အတူ ငွေကျပ် ၁,၀၉၈သိန်းကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ် ဝါဒဖြန့်ချန်နယ်တွေကဆိုပါတယ်။

ဒါ​ပေမယ့် စစ်တပ်နဲ့ နီးတဲ့မြို့လယ်နားက က​မ္ဘောဇဘဏ်ကို ​အေး​အေး​ဆေး​ဆေးတကိုယ်​တော်ဓါးပြတိုက်တယ်ဆိုတာ​ရော ၊တစ်ရက်အကြာမှာဖမ်းမိတယ်ဆိုတာ​ရော ဖြစ်စဥ် တစ်ခုလုံးကို ပြည်သူအချို့ ကမယုံကြပဲ သံသယရှိ​နေကြပါတယ်။

“ဘဏ် ဓားပြတိုက်ခံရပြီဆို KBZ Bankကြည့်ပဲ ထူးတော့ထူးတယ်။”လို့မန္တလေးမြို့ခံတဦးက မှတ်ချက်​ပေးပါတယ် ။

အခြားမန္တ​လေးမြို့ခံ တဦးကလည်း “ငပျူထောက်ပံ့တာ ပေါ်တင်ထောက်ပံ့ရင်မကောင်းလို့ ဇာတ်လမ်းထွင်ပြီးထောက်ပံ့တာဖြစ်မယ်။”လို့​ပြောပါတယ်။

ဓားပြတိုက်ခံရတဲ့ဒီဘဏ်ဟာ တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်၊စစ်တပ်ဘန်ကာတွေနဲ့မျက်နှာချင်းဆိုင်မှာရှိတာလို့သိရပါတယ်။တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်ရဲ့ ဝင်ပေါက်ကလည်း ၇၃လမ်း၊၄၀နဲ့၄၁လမ်းကြားမှာရှိပြီး လုံခြုံရေးဘန်ကာတွေလည်းချထားပါတယ်။

KBZ ဘဏ်ခွဲအမှတ် ( ၃၇) ဗောဓိကုန်းဘဏ်ခွဲ ကို ပြီးခဲ့တဲ့ တစ်လကျော်အကြာ ဇန်နဝါရီ လ၁၁ရက်က တစ်ကြိမ် ၊ ဖေဖော်ဝါရီ ၂၁ရက်က တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်လုံး တစ်ကိုယ် တော် ဓားမြတိုက်ခံခဲ့ရပြီး ကျူလွန်သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

KBZ ဘဏ်ခွဲ ၃၇ရှိရာနေရာဟာလည်း လူစည်ကားတဲ့ နေရာတစ်ခုဖြစ်သလို အနီးမှာ မန္တလေးတက္ကသိုလ်လုံခြုံဂိတ်ရှိသလို တက္ကသိုလ်ရှိ UTC တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တပ်ရင်းတွေရှိပါတယ်။

စစ်​အုပ်စုဟာ ပြည်သူ​တွေကို အာရုံ​ပြောင်းချင်တဲ့အခါ လူစိတ်ဝင်စားနိုင်မယ့် ဇာတ်လမ်း​တွေထွင်​လေ့ရှိတာမို့ ဒီရက်ပိုင်း ကချင်ပြည်နယ် ဒုတိယမြို့​တော် ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ် တပ်ရင်း​တွေ စခန်း​တွေဆက်တိုက်ဆုံးရှုံး​နေပြီး ဗန်း​မော်မြို့ ကို KIA နဲ့ ပူး​ပေါင်းတပ်​တွေ သိမ်းပိုက်နိုင်ဖို့နီးလာချိန်မှာ အခုဓါးပြမှု​ပေါ်လာတာဟာ ဗန်း​မော်တိုက်ပွဲကိုအာရုံ​ပြောင်းချင်တာ​ကြောင့်ဖြစ်နိုင်တယ်လို့ စစ်​ရေး နိုင်ငံ​ရေး​​​​လေ့လာသူအချို့က​​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းကာလအတွင်း မကြာခဏ ဓါးပြတိုက်ခံနေရတဲ့၊ သဒ္ဓါထက်သန် မြန်မာ့အားမာန်လို့ ဆောင်ပုဒ်လက်ကိုင်ထားတဲ့ ကမ္ဘောဇဘဏ်ဟာ မနေ့က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာလည်း ဓါးပြတိုက်ခံလိုက်ရပြန်ပါတယ်။

သတင်း

KBZ Pay အကောင့်များထံမှ ငွေကြေးဖောက်ထွင်ခံရမှုသည် ၎င်းတို့ မသက်​ဆိုင်ဘဲ ရဲစခန်းတွင်သာ အမှုဖွင့် ရန် ကမ္ဘောဇဘဏ်က တုံ့ပြန်ကြောင်း ဖြစ်စဥ်ကို ကြုံတွေ့ခဲ့ရသူများကပြောသည်။

သတင်း

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

သတင်း

စစ်ဆင်ရေးပြုလုပ်သည့် ဘဏ်အနီး၌ အကြမ်းဖက်စစ်ကောင်စီများရှိသော်လည်း အဖွဲ့သားအားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။