ချင်းပြည်နယ်၊မတူပီမြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၂ရက်နေ့ ) ညနေ ၅နာရီဝန်းကျင်က ရစ်ခ်ျတာစကေး ၅ဒဿမ ၃ အဆင့် ငလျင်လှုပ်ခတ်သွားခဲ့သည်။
မတူပီမြို့၏ အရှေ့ဘက် ၂၂မိုင်ခန့်အကွာ၌ မြေအနက် ၅၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်သွားသည်ဟု ထိုင်းအမျိုးသားဘူမိဗေဒဌာနမှ သတင်းထုတ်ပြန်သည်။
အမေရိကန်ဘူမိလေ့လာရေး အသင်း USGSကမူ မတူပီမြို့တွင် ဖေဖော်ဝါရီ ၂၂ ရက် ညနေလှုပ်သောငလျင်သည် ရစ်ခ်ျတာစကေး ၅ဒဿမ၂ အဆင့်ရှိသည်ဟုထုတ်ပြန်ထားသည်။

Public Service Announcement
ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုမှုရှိမရှိကိုမူမသိရသေးပေ။
စစ်ကောင်စီ၏ မိုးဇလဌာနကလည်း အဆိုပါငလျင်သတင်းကိုထုတ်ပြန်ထားသည်။ သို့သော်
မတူပီမြို့သည် စစ်ကောင်စီ၏ထိန်းချုပ်မှုအောက်တွင်မရှိတော့ဘဲ ချင်းတော်လှန်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားပြီဖြစ်သည်။
