close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတွင်ပါဝင်လိုသည့် လူငယ်များကို တပ်သားသစ်အဖြစ် CNDFဖိတ်ခေါ်

အခြေခံစစ်သင်တန်း တက်ရောက်ရန် သင်တန်းသားအသစ်ခေါ်ယူကြောင်း ချင်းပြည်နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က ဇန်နဝါရီ ၁၅ရက်တွင် ထုတ်ပြန်သည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၄၁) သင်တန်းဆင်းပွဲမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CNDF

ဟန်နွေ/People’s Spring

အခြေခံစစ်သင်တန်း တက်ရောက်ရန် သင်တန်းသားအသစ်ခေါ်ယူကြောင်း ချင်းပြည်နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က ဇန်နဝါရီ ၁၅ရက်တွင် ထုတ်ပြန်သည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ ၂၀၂၅အတွက် အခြေခံစစ်သင်တန်းဖွင့်လှစ်မည် ဖြစ်၍ CNDFတွင် တာဝန်ထမ်းဆောင်ရန် သင်တန်းသားအသစ်စတင်ခေါ်ယူနေကြောင်း အသိပေးသည်။

“အားလုံးအတွက်ပါ။ ဘယ်သူမဆို မခွဲခြားဘဲနဲ့ CNDFတပ်ဖွဲ့ ဝင် ပြီး တော်လှန်ရေးမှာ တကယ်စိတ်ဓာတ်ရှိပြီးမှ တကယ်တော်လှန်ရေးလုပ်ချင်တဲ့လူငယ်တွေအကုန်လုံးကို ကျနော်တို့ ဖိတ်ခေါ်ပါတယ်”ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပါဝင်လိုသည့် လူငယ်(ကျား၊မ)မရွေး သင်တန်းသားအရည်အချင်းသတ်မှတ်ချက် ပြည့်မီပါက သင်တန်းတက်ရောက်နိုင်သည်ဟု အသိပေးသည်။

သင်တန်းကာလ (၃)လ ကြာမည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များ တက်ရောက်နိုင်သည်ဟု ဆိုသည်။

ကိုယ်လက်အင်္ဂါပြည့်စုံသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ စစ်စည်းကမ်းလိုက်နာနိုင်သူဖြစ်ရမည်ဖြစ်ပြီး CNDF တွင် အနည်းဆုံး (၁)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟုလည်း ထုတ်ပြန်သည်။ ထို့ပြင် နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟုသင်တန်းသား အရည်အချင်းသတ်မှတ်ချက်၌ ဖော်ပြသည်။

CNDFသည် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖြစ်ပြီးလက်ရှိတွင် ချင်းပြည်နယ် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိရာ မြို့ကို ထိန်းချုပ်ထားပြီး လက်ကျန်စစ်ကောင်စီ ခလရ(၂၆၈)တပ်ရင်းဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့အထွက် ရန်ကုန်-ပြည်လမ်းပေါ် ဆိုင်ကယ်စီးလာသည့် လူငယ်သုံးဦးကို စစ်ကောင်စီတပ်နှင့် ရဲများက ပေါ်တာဆွဲဖမ်းဆီးရန် တားစီးစဥ် ဆိုင်ကယ်ရပ်မပေး၍ဟုဆိုကာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အဓမ္မစုဆောင်းခံရသူနှင့် ရဲတစ်ဦးတို့ လက်နက်များနှင့် အတူ အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်သည်။

သတင်း

ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေသည်ဟု ထုတ်ပြန်သည်။

သတင်း

People’s Spring “မင်း​အောင်လှိုင်က သိပ်မကြာခင်မှာ ကျပါလိမ့်မယ်။ တရုတ်ကြီးက အသက်ကယ်​ဆေး ဘယ်နှစ်​ချောင်းပဲ ထိုးထိုးပါ။ သိပ်မကြာပါဘူး သူ ဘယ်​လောက်ခံနိုင်မလဲ​ပေါ့​လေ။ ၆ လခံ ထိုးထားလား၊ ၁ နှစ်ခံ ထိုးထားလားတော့ကျွန်​တော်မ​ပြောတက်ဘူး ။​သေချာတာတစ်ခုက​တော့ ၂၀၂၅ က ကျွန်​တော်ထင်တယ် သူကုန်ဆုံးမယ့် Date...

Facebook