close
Connect with us

Hi, what are you looking for?

သတင်း

အောင်ဇေယျစစ်ကြောင်းအား ကော်ဘရာ၊PDF ပူးပေါင်းတပ် တနေကုန်တိုက်ခိုက်

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား KNLA ၊ ကော်ဘရာ နှင့် PDFပူးပေါင်းစစ်ကြောင်းတို့က ယနေ့(ဖေဖော်ဝါရီ ၂၁ရက်​နေ့)တွင်တနေကုန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။

အောင်​ဇေယျစစ်​ကြောင်းကို ​ကော်ဘရာစစ်သည်​တော်များတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-Cobra Column

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား KNLA ၊ ကော်ဘရာ နှင့် PDFပူးပေါင်းစစ်ကြောင်းတို့က ယနေ့(ဖေဖော်ဝါရီ ၂၁ရက်​နေ့)တွင်တနေကုန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။

“ဒီနေ့တိုက်ပွဲဖြစ်တယ်။ မနက်ရော နေ့လည်ရော။ ခုတော့ ပြီးသွားပြီ”ဟု ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ယနေ့ ညနေ ၅နာရီကျော်တွင်People’s Spring သို့ပြောသည်။

တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ စစ်သား ထိခိုက်သေဆုံးမှုရှိ၊မရှိကိုမူမသိရသေးပေ။

Public Service Announcement

Public Service Announcement

ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များနှင့် ကော်ဘရာစစ် ကြောင်း ပူးပေါင်းတပ်တို့က ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။

အောင်ဇေယျစစ်ကြောင်းနှင့် ကော်ဘရာ၊PDFပူးပေါင်းတပ်တို့ နေ့စဉ် ပစ်ခတ်မှုနှင့် လက်နက် ကြီးပစ်ခတ်မှုတို့မကြာခဏဖြစ်ပွား​လေ့ရှိသော်လည်း ​​ဖေ​ဖော်ဝါရီ ၂၁ ရက်တွင် တ​နေကုန်နီးပါးတိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကော်ဘရာပူးပေါင်းတပ်များသည် ပြီးခဲ့သည့်လပိုင်းကတည်းက အောင်ဇေယျစစ်ကြောင်းအား ခံစစ်အနေအထားမှ ထိုးစစ်ဖြင့် အပိုင်းလိုက်ပိတ်ဆို့ဖြတ်တောက်ထားခြင်း ဖြစ်သည်။

စစ်​ကြောင်းစထိုးသည့်ကာလမှ ​၂၀၂၅ ​ဖေ​ဖော်ဝါရီလဆန်းအထိ့ ၉ လခန်းအတွင်း အောင်ဇေယျစစ်ကြောင်းမှ ၅၀၀ ကျော်‌ သေဆုံးပြီး‌ လက်ရှိတွင် အဆိုပါစစ်ကြောင်းထံ စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ ကျော် ထပ်မံအင်အားဖြည့်ထားကြောင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးသို့ ပြောထားသည်။

အင်အားဖြည့်တင်းမှုများရှိသော်လည်း စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အတင်းအကြပ်ဖမ်းဆီး၍ သင်တန်းပေးထားသူများဖြစ်သောကြောင့် တော်လှန်ရေးအင်အားစုများထံသို့ ထွက်ပြေးအလင်းဝင်သူ ပိုမိုများပြားလာကြောင်းလည်း ၎င်းက ​ပြောသည်။

၂၀၂၄ ဧပြီလမှစပြီး ၂၀၂၅ ​ဖေ​ဖော်ဝါရီလဆန်းပိုင်းအထိ လက်နက်ဖြင့် အလင်းဝင်လာတာ ၁၉ဦးရှိပြီး ဖမ်းမိသူ ၇ ဦးအပါအဝင် အောင်ဇေယျစစ်ကြောင်းမှ စုစု​ပေါင်း ၆၀ ဦးခန့် အထိ ရောက်ရှိနေသည်ဟု သိရသည်။

အောင်ဇေယျစစ်ကြောင်းအနေဖြင့် ချီတတ်လာချိန်တွင် တပ်ရင်းတစ်ခုစီ၌ အင်အား ၁၂၀မှ ၁၅၀ခန့် အထိပါဝင်သော်လည်း လက်ရှိအချိန်၌ တပ်ရင်းတစ်ခုလျှင် အင်အား ၄၀မှ ၇၀ခန့်သာရှိတော့ကြောင်း မြေပြင်သတင်းအရသိရသည်ဟု ၎င်းက ဆိုသည်။

အောင်ဇေယျစစ်ကြောင်းထံမှ လေယာဉ်ပစ်လက်နက်များအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ခန့် သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား ၁၅စီးခန့် ဖျက်ဆီးနိုင်ခဲ့သည်ဟု ဗိုလ်မှူးဒါဘောက ပြောထားသည်။

မြဝတီဒေသအတွင်း လက်လွတ်ခဲ့ရသည့်နေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁,၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ၂၀၂၄ ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ၁၀ လကျော်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်၌ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေသည်။​သေဆုံးဒဏ်ရာရ​သော၊ထွက်​ပြေး​သော၊အလင်းဝင်​သောစစ်သားများ​နေရာတွင် အကြိမ်ကြိမ် စစ်ကူထပ်ဖြည့်​နေပြီး ယခု​နောက်ပိုင်း စစ်သားသစ်စု​ဆောင်းထား​သောသင်တန်းဆင်းစစ်သားများကိုအများဆုံးဖြည့်​နေ​ကြောင်းဗိုလ်မှူးဒါဘောက ပြောသည်။

စစ်ကောင်စီသည် အောင်ဇေယျစစ်ကြောင်းအား အင်အားဖြည့်တင်းရန်၊ ကော့ကရိတ်မြို့နယ်အား ထိန်းချုပ်နိုင်ရန်အတွက် ကော့ကရိတ် – ကျုံဒိုးလမ်းပိုင်းအား စစ်ကြောင်းထိုး လှုပ်ရှားမှုများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း တောမီးလောင်ရာ ကျေးရွာအတွင်း မီးကူးစက်ပြီး နေအိမ် ၆လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၁)နယ်မြေအတွင်း KNU/KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ရဲဘော်သုံးဦးကျဆုံးခဲ့ရကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း အနန်းကွင်းဗျူဟာစခန်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည့် နဂါးနီစစ်ကြောင်းစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။