close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့လယ်လမ်းဆုံတွင် နှစ်ငါးလုံးနေ့ လှုပ်ရှားမှုပြုလုပ်

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်သည့်ကြားမှ ရန်ကုန်မြို့လယ်လမ်းဆုံတွင် တော်လှန်လူငယ်များက နှစ်ငါးလုံးနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီ ၂၂) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Yangon4Brothers

သုည/People’s Spring

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်သည့်ကြားမှ ရန်ကုန်မြို့လယ်လမ်းဆုံတွင် တော်လှန်လူငယ်များက နှစ်ငါးလုံးနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီ ၂၂) ပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်များက နှစ်ငါးလုံးနေ့လှုပ်ရှားမှုအဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားကို ကိုင်ဆောင်ပြီး ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန် လှုံ့ဆော်ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြ လှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ Yangon4Brothers ၊ Mayangone Democratic Front နှင့် Linn Yaung Ni Youth Organization တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

သုည/People’s Spring စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၁)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက...

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်တွင်၊ဘုန်းကြီးကျောင်းအတွင်း ကိုယ်ပိုင်ကားဖြင့် အုပ်စု့ဖွဲ၍ ဖုန်းဝင်ခိုးသည့်အဖွဲ့ကို ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တစ်ဦးဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။