close
Connect with us

Hi, what are you looking for?

သတင်း

အနန်းကွင်းရွာ နေအိမ် ၅၀ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း အနန်းကွင်းဗျူဟာစခန်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည့် နဂါးနီစစ်ကြောင်းစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

အနန်းကွင်းကျေးရွာရှိ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KIC

ဟန်နွေ/People’s Spring

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း အနန်းကွင်းဗျူဟာစခန်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည့် နဂါးနီစစ်ကြောင်းစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

အနန်းကွင်း စစ်ကောင်စီဗျူဟာစခန်းကို ၂၀၂၄ နွေရာသီကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်လျက်ရှိရာ တစ်နှစ်နီးပါးကြာပြီဖြစ်ပြီး ဒေသခံများလည်း စစ်ဘေးရှောင်နေကြရသည်။

“အဓိကကတော့ တော်လှန်ရေး တပ်ဖွဲ့တွေ ထိုးစစ်ပြန်စတဲ့အခါ သူတို့ခံစစ် အနေနဲ့ ရှင်းလင်းရေး လုပ်တာပေါ့။”ဟု ကိုဟိန်းက စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် လုပ်ရပ်အပေါ် သုံးသပ်သည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီ ဗျူဟာကို ပိတ်ဆို့ထားဆဲအခြေအနေဖြစ်ကြောင်းလည်း ၎င်းက လက်ရှိစစ်ရေးအခြေအနေကို ပြောပြသည်။

အနန်းကွင်း ဗျူဟာစခန်းတွင် လက်ရှိတွင် စစ်ကောင်စီတပ် အင်အား ၂၀၀ခန့်ရှိပြီး ဗျူဟာမှူး ၂ဦး ရှိနေသည်ဟုလည်း နဂါးနီ စစ်ကြောင်း စစ်ကြောင်းမှူးက ပြောသည်။

အဆိုပါ ဗျူဟာစခန်းကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထား၍ မြေပြင် စစ်ကူပေးရန် အခက်ကြုံနေပြီး ရိက္ခာခဲယမ်းကိုလည်း စစ်ကောင်စီက လေကြောင်းမှ ပို့ဆောင်ပေးနေရသည်ဟုဆိုသည်။ ယခင်ကလည်း မြေပြင်မှ စစ်ကူများ ပို့ဆောင်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကူတပ်များ သေဆုံးထိခိုက်များပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

သတင်း

လက်ရှိ တော်လှန်ရေးသည်ကရင်အမျိုးသားလွတ်မြောက်ရေးအတွက်သာမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ပြည်သူများလွတ်မြောက်ရေးအတွက်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကော်ဘရာ စစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်မှူးဒါဘောကပြောကြားသည်။

သတင်း

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်၊ စစ်တပ်၏ မဲပလီဗျူဟာစခန်းကို KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်က သိမ်းပိုက်ခဲ့​သော ရုပ်သံမှတ်တမ်းကိုBPLA ကထုတ်ပြန်လိုက်သည်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီက​နေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေက သိမ်းပိုက်လိုက်ပါတယ် ။