close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

ဗန်းမော်မြို့တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - ကချင်တောင်တန်း

■​ဖေ​ဖော်ဝါရီ ၁၀ ရက်တိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး KIA ဖမ်းမိဟု သတင်းရင်းမြစ်ပြော

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

KIA ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်မှာ ၂ လကျော်ကြာနေပြီဖြစ်သည့် ဗန်းမော်မြို့တွင် စစ်ကောင်စီ၏ အမြောက်တပ်၊ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း၊ လေယာဉ်ကွင်း အပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာအများအပြားကို KIAပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားကာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)ကို အပြီးသတ်သိမ်းနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၀ရက်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိခဲ့ရာ KIAပူးပေါင်းဘက်က ၁၀ဦးခန့် အသက်ပေးခဲ့ပြီး စစ်ကေငာ်စီတပ်မှလည်း ၆၈ ဦးသေဆုံးကာ ၄၇ ဦးကို အရှင်ဖမ်းမိထားသည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က လူမှုကွန်ရက်၌ ယနေ့ ရေးသားထားသည်။

ယင်းအသိပေးချက် နှင့်ပတ်သက်ပြီးမေးမြန်းရာ ဗန်းမော်မြို့တိုက်ပွဲအခြေအနေကို အသိပေးထားခြင်းဖြစ်သည်ဟု ပြောသည်။ အသေးစိတ်အခြေအနေများကို ဆက်လက်မေးမြန်း စုံစမ်းနေဆဲဖြစ်သည်။

အခြား ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း ဖေဖော်ဝါရီ ၁၀ရက် ဗန်းမော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အရာရှိ စစ်သည် ၄၀ဦးကျော် အရှင်ဖမ်းမိထားသည်ဟု အသိပေးထားသည်။

ထို့အပြင် ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စစ်ကြောင်း အထိနာခဲ့သည့် ရုပ်သံမှတ်တမ်းကိုလည်း လူမှုကွန်ရက်၌ ဖော်ပြ အသိပေးထားသည်။ ယင်းရုပ်သံတွင် လမ်းမတနေရာ စစ်ကားတစ်စီးအနီးနှင့် ယင်းစစ်ကားပေါ်၌ သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများစွာကို တွေ့ရသည်။

“ ဗန်းမော် တင့်ကားတပ်ကနေ စကခဌာနချုပ်ကို သွားပူးပေါင်းတဲ့ သံချပ်ကာစစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရ လူနားများသယ်လာသော စစ်သုံး ၆ဘီး ကားတစ်စီး DB အပြည့်နှင့် ကျန်ရစ်ခဲ့”ဟု ရေးသားကာ အဆိုပါ ရုပ်သံကို လူမှုကွန်ရက်၌ ဖြန့်ဝေမှုကိုလည်းတွေ့ရသည်။

KIA သတင်းရင်းမြစ်အချို့ကလည်း အဆိုပါ ရုပ်သံကို ပြန်လည်မျှဝေကာ “ ဒါအစမ်းဘဲ ရှိသေးတယ်။ သွေးကြေးကို သွေးကြွေးပြန်ဆပ်ဖို့ စောင့်နေကြတော့။ ဗန်းမော် သံချပ်ကာ တပ်ရင်းက ခွေးကောင်တွေ” ဟု ရေးသားထားသည်။

ဗန်းမော်တိုက်ပွဲအတွင်း စစ်သုံ့ပန်းများ ဖမ်းဆီးရရှိမှုနှင့် လတ်တလော စစ်ရေးအခြေအနေများကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIAသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဗန်းမော်မြို့ရှိ အမှတ် (၅၀၁၄)တင့်ကား တပ်ရင်းကို အပြီးသတ် သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။ ယင်းမတိုင်မီ ဖေဖော်ဝါရီ လဆန်းကလည်း ဗန်းမော်မြို့ အမြောက်တပ် (၃၆၆)တပ်ရင်း၊ ဇန်နဝါရီလကုန်ပိုင်းက အမှတ်(၇၀၀၆) သံချပ်ကာ တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

“စကခကနေ အပြင်ထွက်ဆုတ်ခွာလာတာကို ချေမှုန်းတာပါ။ ဒီလောက်ပဲပြောပါရစေ။”ဟု ကချင် စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကမြိုသိမ်းတိုက်ပွဲဆင်နွှဲနေသည့်ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းကို KIAကထပ်မံသိမ်းပိုက်ပြီဖြစ်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအပါအဝင် ကချင်ဒေသနေရာ ၈ခုထက်မနည်းကို စစ်ကောင်စီက တိုက်လေယာဉ်၊ အသေခံဒရုန်းများအသုံးပြု၍ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ခိုက်သိမ်းပိုက်ထားသည့် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသနှင့် ဆဒုံးဒေသအား စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၇ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

ပွဲဝင်သွားမည်ဖြစ်ကြောင်း အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ယနေ့(​ဖေ​ဖော်ဝါရီ ၅) ကျရောက်သည့် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်း၌ ​ပြောကြားခဲ့သည်။