close
Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့ကို စက်တပ်လေထီးဖြင့် ထပ်မံတိုက်ခိုက်၊ အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့ နတ်လာပို့မြောက်ရွာကို ယနေ့(ဖေဖော်ဝါရီ ၁၁ရက်) နံနက် အစောပိုင်းတွင် စစ်ကောင်စီက စက်တပ်လေထီးဖြင့် လေကြောင်းမှ တိုက်ခိုက်ရာ အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားသည်။

စက်​ကောင်စီတပ်မှ လေထီးတပ်သားတဦး။ ဓါတ်ပုံ-စစ်​ကောင်စီ

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့ နတ်လာပို့မြောက်ရွာကို ယနေ့(ဖေဖော်ဝါရီ ၁၁ရက်) နံနက် အစောပိုင်းတွင် စစ်ကောင်စီက စက်တပ်လေထီးဖြင့် လေကြောင်းမှ တိုက်ခိုက်ရာ အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားသည်။

ယမန်နေ့ည သန်းခေါင်ကျော်အချိန်မှာ တိုက်ခိုက်ခြင်းဖြစ်ပြီး လေးဦးဒဏ်ရာရသည့်အနက် နှစ်ဦးသေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” အိမ်ပေါ်ကို ပစ်ချတာ။ ဒဏ်ရာရသူတွေကို ဆေးခန်းပို့တုန်း နှစ်ဦးက လမ်းမှာတင်သေဆုံးတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူနှစ်ဦးမှာ အသက် ၅၀ အရွယ်ခန့် ဦးအေးလင်းနှင့် ဒေါ်မုန်းတို့ဖြစ်ကြောင်း သတင်း ရရှိသည်။

ဖေဖော်ဝါရီ ၇ ရက်ကလည်း ကနီမြို့နယ်အတွင်း စစ်ကောင်စီက စက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ရာ အရပ်သားနှစ်ဦးသေဆုံးပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။

ကနီမြို့နယ်သည် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မဝေးသောကြောင့် ယခုဖြစ်စဉ်မျိုးမကြာခဏကြုံတွေ့လာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ