close
Connect with us

Hi, what are you looking for?

သတင်း

မြိုင်နှင့် ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား အညာမြေတပ်ပေါင်းစု တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ရာ စစ်သားရုပ်အလောင်းများနှင့် စစ်အသုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ယနေ့(ဖေဖော်ဝါရီ ၁၁ရက်) ထုတ်ပြန်သည်။

မြိုင်နှင့် ပေါက်မြို့နယ် တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းမှ သေဆုံးစစ်သားများ၏ ဝတ်ဆုံများအား တွေ့ရစဥ်။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု

■စစ်ကောင်စီတပ်သားရုပ်အလောင်းများနှင့် စစ်အသုံးဆောင်ပစ္စည်းများသိမ်းရ

နေ့သစ်/People’s Spring

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ရာ စစ်သားရုပ်အလောင်းများနှင့် စစ်အသုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ယနေ့(ဖေဖော်ဝါရီ ၁၁ရက်) ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၃ရက်ကစ၍ မြိုင်မြို့နယ်အနောက်တောင်ပိုင်းနှင့် ပေါက်မြို့နယ် အရှေ့မြောက်ဘက်ရှိ ဒေသများကို ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ အင်အား ၃၀၀ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းစတင်ထိုးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မြိုင်နှင့် ပေါက်မြို့နယ် တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းမှ သေဆုံးစစ်သားများ၏ ဝတ်ဆုံများအား တွေ့ရစဥ်။ ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု

အဆိုပါစစ်ကြောင်းအား ဖေဖော်ဝါရီ ၉ ရက်တွင် ပေါက်မြို့နယ်ရှိ ပျူစောထီးအားကောင်းရာ ကုက္ကိုစု ကျေးရွာအထွက် ကျောက်လုံးကျေးရွာအနီးတွင် အညာမြေတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ၂နာရီခန့်ကြာ ဖြစ်ပွားခဲ့ကာ စစ်​ကောင်စီတပ်သား ငါးဦးခန့် ဒဏ်ရာရရှိကြောင်း အသိပေးသည်။

ထိုနေ့ည ၁၀နာရီတွင်လည်း ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦ သေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိသည်ဟု ဖော်ပြသည်။

“ရန်သူ့အလောင်း သိမ်းဆည်းရမိတာ ၃လောင်းရှိပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း တပ်ပေါင်းစုဘက်မှ TYK (သရက်ကန်)ပျောက်ကြားတပ်ဖွဲ့မှ ခေါင်းဆောင် ကိုမြင့်သူ (ခ)ကိုကုလား ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

“မနေ့ည(ဖေဖော်ဝါရီ ၉ရက်)က ၁၂နာရီဝန်းကျင်မှာ ကျောက်လုံးရွာအနီးပတ်ဝန်းကျင်ရှိ ရှေ့တန်းရဲဘော်များထံသို့ ကားနဲ့ထမင်းထုပ်လိုက်ပို့တဲ့ TYK ပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ တာဝန်ခံရဲဘော်ကုလား(ခ)ကိုမြင့်သူနဲ့ ရဲဘော်တစ်ဦးဟာ ရှေ့တန်းရဲဘော်များထံ ထမင်းပို့ပြီး အပြန်မှာစစ်ကောင်စီကင်းပုန်းများရဲ့ အနီးကပ်တိုက်ခိုက်ခြင်းကိုခံရတာကြောင့် TYK ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ရဲဘော်ကုလား(ခ) ကိုမြင့်သူကျဆုံးခဲ့ရပြီးအတူပါတဲ့ ရဲဘော်ကတော့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်”ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ် We Love Myaingက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းကို အညာမြေတပ်ပေါင်းစုမှ ဖေဖော်ဝါရီ ၉ ရက် ညနေ ၄ နာရီမှ ၆ နာရီအထိ တစ်ကြိမ်၊ ည ၁၀ နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ မျက်မြင်သုံးဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၃ ဦးထက်မနည်းရှိကြောင်း တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခု ပွဲဖြစ်တာက အဲဒီမကျည်းစင်ရွာက မီးရှို့ သတ်ဖြတ်ပြီး အပြန်လမ်းမှာ ဖြစ်တာခင်ဗျ။ ပွဲကတော့ ပေါက်နယ် မြိုင်နယ်အစပ်မှာဖြစ်တာ”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသော ကိုမြင့်သူ၏အလောင်းကို ကားနှင့်အတူ စစ်ကောင်စီတပ်က မီးရှို့သွားကြောင်းလည်း အသိပေးသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုတွင် ကျေးရွာများအား ဖျက်ဆီးခြင်း၊စားနပ်ရိက္ခာများ သယ်ဆောင်ခိုးယူခြင်းနှင့် ပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ပေါက်မြို့နယ် မကျည်းစင်ကျေးရွာမှ ကိုဝင်းစိုးဆိုသူအား သတ်ဖြတ်သွားကြောင်းလည်း တပ်ပေါင်းစုက ပြောသည်။

ထို့အပြင် ပေါက်မြို့နယ်မှ မန်ကျည်းစင်၊ သနပ္ပင်ဇင်းစသည့်ကျေးရွာတို့မှ နေအိမ်အလုံး ၅၀ကျော်အား မီးရှို့ခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် မြိုင်မြို့နယ် အနောက်တောင်ဘက်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ၏ စက်မှု(၂)အတွင်း ပြန်လည်ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များ၌ ဖော်ပြထားသည်။

မှတ်ချက် – စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများအား လူထုနွေဦး၏ https://t.me/PeopleSpring တွင်သွားရောက်ကြည့်ရှု့နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်မြို့မှ စစ်ကူလာသည့် အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းကိုလည်း ဖြတ်တောက်တားဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၀ဦးသေဆုံးပြီး ၂၈ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။

သတင်း

တိုက်ခိုက်မှုကြောင့် တင်းဂါတ်ပျူစောထီးကျေးရွာမှ ပျူ ဒုလက်ထောက်သန့်ဇင် အပါအဝင် စစ်သားနှင့်ပျူစောထီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ဆိုသည်။

သတင်း

၁ နာရီခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဂိတ်ရှိဘန်ကာ တစ်ခုနှင့် စက်ကလေးထိုင်ထားသော တိုက်တစ်လုံးအတွင်းထိ ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။