close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းကို KIA ထပ်မံ သိမ်းပိုက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကမြိုသိမ်းတိုက်ပွဲဆင်နွှဲနေသည့်ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းကို KIAကထပ်မံသိမ်းပိုက်ပြီဖြစ်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အမှတ်(၅၀၁၄) တင့်ကားတပ်ရင်း​ရှေ့တွင် KIA တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ- Myu Tsaw Kasa၊CJ

■စကခ-၂၁တပ်ဌာနချုပ်ကိုမကြာမီ သိမ်းနိုင်မည့် အလားအလာရှိဟု စစ်ရေးသတင်းရင်းမြစ်ပြော

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကမြိုသိမ်းတိုက်ပွဲဆင်နွှဲနေသည့်ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းကို KIAကထပ်မံသိမ်းပိုက်ပြီဖြစ်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တပ်ရင်းကို ပြီးခဲ့သည့် နှစ်ရက်ခန့်ကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးဖေဖော်ဝါရီ ၁၀ရက်တွင်မှ သိမ်းပိုက်ရရှိမှု အခြေအနေကို အသိပေးလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လေကြောင်း လုံခြုံရေးအရ နောက်ကျတင်တာပါ။ ရန်သူက တင့်ကားတွေ အပြင်ထုတ်ပြီးသုံးနေတာကြာပြီ။ တပ်မှာမထားပါ”ဟု ကချင်သတင်းရင်းမြစ်က တင့်ကား တပ်ရင်းမှ တင့်ကားများသိမ်းပိုက်ရရှိမှု ရှိ ၊မရှိမေးမြန်းချက်အပေါ် ​ပြောသည်။

သို့​သော်တင့်ကား တပ်ရင်းသိမ်းပိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းထားရာ မကြားမိသေးဟု ဖြေကြားသည်။

KIAသည် ဇန်နဝါရီ လ ၂၅ရက် ကလည်း ဗန်းမော် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)တပ်အနီးရှိ အမှတ်(၇၀၀၆) သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ရာ သံချပ်ကာ ယာဉ် ၇စီးသိမ်းရခဲ့ကြောင်း KIAကအတည်ပြုထားသည်။

ထို့ပြင် ဖေဖော်ဝါရီ လဆန်းတွင် စကခ(၂၁) အနီးရှိ အမှတ်(၃၆၆)အမြောက်တပ်ရင်းကိုလည်း KIAက သိမ်းပိုက်ထားသည်။ ထိုအပြင် ဗန်​​မော် လေယာဉ်ကွင်း၊ စရဖရုံး စသည့် စစ်တပ်တပ်စွဲရာ​နေရာများကိုလည်း KIAက သိမ်းပိုက်ထားသည်။

ဆက်လက်၍ စကခ(၂၁) အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ စကခ (၂၁)တပ် ဌာနချုပ်ကိုလည်း မကြာမီ အပြီးသတ် သိမ်းပိုက်နိုင်မည်ဟု မျှော်လင့်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“စကခ-၂၁ ကိုကာဘာလုပ်ထာတဲ့တပ်ရင်းတွေ။အမတ-၃၆၆/ အမှတ်-၅၀၁၄ တင့်ကားတပ်/ အမှတ်-၆၀၀၇ သံချပ်ကာတပ်/ ခလရ-၂၃၆/ ဒုံးတပ်ရင်း။ဒါတွေပဲ။ အမတ-၃၆၆/ အမှတ်-၆၀၀၇ သံချပ်ကာ/ အမှတ်-၅၀၁၄ တင့်ကားတပ် ဒါတွေရထားပြီ”ဟု အခြား ကချင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KIAသည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာ ၄ရက်က စတင်ခဲ့ရာ တိုက်ပွဲကာလ နှစ်လကျော်ကြာပြီဖြစ်သည်။KIA နှင့်ပူး​ပေါင်းတပ်များက စစ်တပ်ကို ကုန်​ကြောင်း၊​ရေ​ကြောင်းမှစစ်ကူမပို့နိုင်​အောင် ဖြတ်​တောက်ပိတ်ဆို့၍ တိုက်ခိုက်​နေသည်။ ထို​ကြောင့် စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများအဓိကအသုံးပြု၍ ခုခံလျက်ရှိသည်။

“တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေဆဲလို့ပဲ သိရှိထားပါတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်း အပါအဝင် ပုံမှန် အတိုင်းပဲ ဒရုန်းနဲ့ရော လက်နက်ကြီးတွေနဲ့ရော ပစ်ခတ်ပြီးတော့ တောက်လျှောက်ခုခံနေဆဲပါ”ဟု ကချင် စစ်ရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။ တိုက်ပွဲ အလွန်ပြင်းထန်နေ၍ နှစ်ဖက် ထိခိုက်ကျဆုံးရှိကြောင်း ဒေသခံထံသတင်းရရှိထားဟု ၎င်းကဆိုသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်လ်​များကမူ ယခုရက်ပိုင်း ဗန်း​မော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ကအသာရ​နေ​ကြောင်း ဆက်တိုက်ဝါဒဖြန့်ချီ​ရေးသား​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအပါအဝင် ကချင်ဒေသနေရာ ၈ခုထက်မနည်းကို စစ်ကောင်စီက တိုက်လေယာဉ်၊ အသေခံဒရုန်းများအသုံးပြု၍ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ခိုက်သိမ်းပိုက်ထားသည့် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသနှင့် ဆဒုံးဒေသအား စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၇ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

ပွဲဝင်သွားမည်ဖြစ်ကြောင်း အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ယနေ့(​ဖေ​ဖော်ဝါရီ ၅) ကျရောက်သည့် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်း၌ ​ပြောကြားခဲ့သည်။

သတင်း

မြစ်ဆုံအနီးကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ လူသေဆုံးမှုရှိ