close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ကိုဆန့် ကျင်ကြောင်းနဲ့ စစ်မှုထမ်းဥပဒေကိုအလိုမရှိကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၀) မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ကိုဆန့် ကျင်ကြောင်းနဲ့ စစ်မှုထမ်းဥပဒေကိုအလိုမရှိကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၀) မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုက “အထွေ ထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

“လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ခေါင်းစဥ်နဲ့ ပြည်သူ့အာဏာကို တည်ဆောက်ခြင်းဖြင့် စစ်အာရှင်စနစ်နဲ့အတူ အာဏာရှင်ဆန်သမျှကို ဖီဆန်အုံကြွ တော်လှန်တဲ့အနေနဲ့ အဲဒီလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြတာဖြစ်ကြောင်း DDMSC က ဆိုပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုမှာ အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့် ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က ဝေဟင်ကနေ Paramotor စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ကို ယနေ့(ဖေဖော်ဝါရီ ၇ရက်) နံနက် အစောပိုင်းတွင် စစ်ကောင်စီက စက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးပြီး အဆောက်အအုံအချို့ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း

စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းရှိသပိတ်အဖွဲ့များနှင့် ဒေသခံပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ကို ယနေ့ (ဖေဖော်ဝါရီ ၆) ပြုလုပ်ခဲ့သည်။