close
Connect with us

Hi, what are you looking for?

သတင်း

စောချစ်သူနဲ့ ကရင် BGF ခေါင်းဆောင်ပိုင်းကို ဝရမ်းထုတ်ဖို့ထိုင်းထောက်လှမ်းရေး ကြိုးစားနေ

စစ်တပ်လက်​အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ ခေါင်းဆောင် ၃ ယောက်ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့ ထိုင်းအထူးစုံစမ်းရေးဌာန (DSI)က ကြိုးစားနေကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကိုးကား: Thai Enquirer BGF ​ခေါင်း​ဆောင် ဗိုလ်မှူးကြီး​စောချစ်သူ

People’s Spring

စစ်တပ်လက်​အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ ခေါင်းဆောင် ၃ ယောက်ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့ ထိုင်းအထူးစုံစမ်းရေးဌာန (DSI)က ကြိုးစားနေကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

DSIက ထိုင်းနိုင်ငံ တစ်ဖက်ခြမ်း၊ မြဝတီမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့စစ်​ကောင်စီလက်​အောက်ခံ BGFဟာ လူမှောင်ခိုမှု တစ်ခုနဲ့ ဆက်နွှယ်ကြောင်း အထောက်အထားတွေကို ထိုင်းအစိုးရ ရှေ့နေတွေဆီ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ တင်ပြထားခဲ့ကြောင်း သိရပါတယ်။

အဲဒီ အထောက်အထားတွေကို အခြေခံပြီး BGF ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယ ဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူး စောတင်ဝင်းတို့ကို ဖမ်းဝရမ်း ထုတ်နိုင်ရေး ကိစ္စကို ညှိနှိုင်းဆွေးနွေးဖို့ DSIက စီစဉ်ထားကြောင်း Thai Enquirer သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာဖက်ခြမ်းက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေ ခံခဲ့ရတဲ့ လူကုန်ကူးမှုသားကောင် အိန္ဒိယ နိုင်ငံသားတွေကို ကယ်ဆယ်ခဲ့တဲ့ ဖြစ်စဉ်အပြီး DSIရဲ့ စုံစမ်းရေး အရာရှိတွေဟာ BGF ခေါင်းဆောင်တွေအပေါ် ဖမ်းဝရမ်း ထုတ်နိုင်မယ့် အမှုကို ထဲထဲဝင်ဝင် စတင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲ့ အဓိက အတိုက်အခံ ပါတီတစ်ခုဖြစ်တဲ့ ပြည်သူ့ပါတီရဲ့ ဒုတိယ အကြီးအကဲ ရန်ဆီမန်ရုမ်းက ထိုင်းနယ်နိမိတ်အလွန် မြန်မာပိုင်နက်ထဲမှာ အခြေစိုက်တဲ့ ကျားဖြန့် လုပ်ငန်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းဖို့ ထိုင်းအစိုးရဆီ တောင်းဆိုခဲ့တဲ့နောက် အခု အခြေအနေတွေ ဖြစ်ပေါ်လာတာပါ။ ရန်ဆီမန်က အစိုးရ အနေနဲ့ ရှိရင်းစွဲထက် ပိုပြတ်သားတဲ့ အရေးယူမှုတွေ မလုပ်နိုင်ဘူးဆိုရင် ကျားဖြန့် ပြဿနာက ပြီးဆုံးမှာ မဟုတ်ဘူးလို့ သတိပေးထားခဲ့ပါတယ်။

ရန်ဆီမန်ဟာ အရင်ကလည်း BGFပိုင် ရွှေမြစ်သောင်ရင်း (SMTY) စက်မှုနဲ့ ကုန်ထုတ်လုပ်ငန်းဟာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ထောက်ပြခဲ့မှုပေမယ့် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေတော့ ဖြစ်မြောက်မလာခဲ့ပါဘူး။ SMTYဟာ မြဝတီမှာ BGF စစ်နယ်မြေ ၂

ရဲ့ အကြီးအကဲ ဗိုလ်မှူး စောတင်ဝင်း ပိုင်ဆိုင်တဲ့ ကုမ္ပဏီပါ။

ရန်ဆီမန်က BGFဟာ ထိန်းချုပ်နယ်မြေ မြဝတီ မြို့နယ်ထဲမှာ ကျားဖြန့်ဂိုဏ်းတွေ လုပ်ငန်း လည်ပတ်နိုင်အောင် မြေနေရာတွေ ငှားရမ်းပေးခဲ့ပြီး အဲဒီ လုပ်ငန်းတွေက ထိုင်းပြည်သူတွေသာ မကဘဲ တစ်ကမ္ဘာလုံးမှာ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။ ကျားဖြန့် လုပ်ငန်းတွေဟာ ငွေကြေး လိမ်လည်ရုံ သက်

သက် မဟုတ်ဘဲ လူကုန်ကူးမှု သားကောင်တွေကို ကျေးကျွန်တွေအဖြစ် အဓမ္မ ခိုင်းစေမှုတွေပါ ရှိနေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။ရန်ဆီမန်က စောချစ်သူဟာ ထိုင်းအာဏာပိုင် တ

ချို့နဲ့ အချိတ်အဆက်ရှိပြီး လာဘ်ပေးလာဘ်ယူ ကိစ္စတွေပါ ရှုပ်ထွေးနေနိုင်ကြောင်း၊ စောချစ်သူက အဖမ်းခံရမယ်ဆိုရင် အဲဒီ အဆက်အသွယ် အားလုံးကိုပါ ဖော်ကောင်လုပ်လာနိုင်ကြောင်းလည်း ပြောပါတယ်။ ဒါဟာ ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းရုံသာ မကဘဲ ထိုင်းအာဏာပိုင် အဖွဲ့အစည်းထဲက အဂတိ ကိစ္စတွေကိုပါ ဖော်ထုတ်နိုင်မယ့် အခွင့်အလမ်းကောင်း တစ်ခုအဖြစ် ရန်ဆီမန်က ထောက်ခံပြီး ဖမ်းဝရမ်းကိစ္စ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းသွားခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလတုန်းကလည်း ထိုင်းအစိုးရက DKBA( ကလိုထူး​​ဘော) အဖွဲ့​ခေါင်း​ဆောင် ဗိုလ်ချုပ်​စောလားပွယ် (​ခေါ်) ဦးနှုတ်ခမ်း​မွေးကို မူးယစ်​ဆေးဝါးထုတ်လုပ်တယ်ဆိုပြီး မူးယစ်ရာဇာလိုစွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ပြီး ဖမ်းမိရင် ဆု​ငွေ ဘတ်တစ်သန်း ချီးမြှင့်မယ်လို့ ဆု​ငွေထုတ်ခဲ့ဖူးပါတယ် ။ ဗိုလ်ချုပ်​စောလားပွယ်က မဟုတ်မမှန်စွပ်စွဲချက်ဖြစ်ပြီး ထိုင်းအစိုးရပြန်​ဖြေရှင်း​ပေးဖို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ​ပြောဆိုခဲ့ပါတယ်။အဲဒီဖြစ်စဥ်တုန်းက​တော့ ဗိုလ်ချုပ်​စောလားပွယ်ဟာ ထိုင်းက ဖမ်းဝရမ်းအထုတ်ခံရ​ပေမယ့်အဖမ်း​တော့မခံခဲ့ရပါဘူး။

ထိုင်းအစိုးရဟာ ကျားဖြန့်နှိမ်နင်း​ရေးအတွက် တရုတ်အစိုးရရဲ့ ဖိအား​ပေးမှုကို ကြုံ​နေရတယ်လို့ ​လေ့လာ​စောင့်ကြည့်သူ​တွေက​​ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကရင်ပြည်နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်‌ဒေသ မြဝတီမြို့နှင့် ရွှေကုက္ကိုယ်ဒေသမှ ကျားဖြန့်လုပ်ငန်းများနှင့်ဆက်စပ်သောတရုတ်သူဌေးးများသည် DKBA ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့ဘက်သို့ အလုံးအရင်းပြောင်းရွှေ့နေသည်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အင်ကြင်းမြိုင်ဒေသရှိ တရုတ်လုပ်ငန်းစုဖြစ်သော ​ဒေါင်မေဥယျာဉ်လုပ်ငန်းစု( Dongmai Park)အား တရုတ်မင်းသားလူကုန်ကူးမှုသံသယဖြင့် အပြီးတိုင် ချိပ်ပိတ်လိုက်ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

သတင်း

မြဝတီဒေသ၌ ရာဇဝတ်မှုကျူးလွန်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ နိုင်ငံတကာကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF) က ယနေ့(ဇန်နဝါရီ ၂၂ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုများနှင့် လူကုန်ကူးမှုပြဿနာများ ဖြေရှင်းရန်ဆိုကာ ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် တရုတ်တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။