close
Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်၌ နာမည်ကျော်သရက်ကွရွာပျူစောထီးစခန်းအား တော်လှန်ရေးတပ်ဖွဲ့များ ၃ရက်ကြာတိုက်ခိုက်ပြီး သိမ်းပိုက်

မြိုင်မြို့မှ စစ်ကူလာသည့် အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းကိုလည်း ဖြတ်တောက်တားဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

(သရက်ကွရွာ ပျူစောထီးစခန်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ တိုက်ပွဲတွင်သိမ်းဆည်းရမိသော စစ်အသုံးအဆောင်အချို့။ ဓာတ်ပုံ-မြိုင်ပကဖ)
(သရက်ကွရွာ ပျူစောထီးစခန်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ တိုက်ပွဲတွင်သိမ်းဆည်းရမိသော စစ်အသုံးအဆောင်အချို့။ ဓာတ်ပုံ-မြိုင်ပကဖ)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်သားများတပ်စွဲထားသော သရက်ကွကျေးရွာရှိ ပျူစောထီးစခန်းအား တော်လှန်ရေးအဖွဲ့များက ၃ ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၄ဦးခန့် သေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက ပြောသည်။

မြိုင်ပကဖနှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများပူးပေါင်းပြီး မြိုင်မြို့နယ်၊ သရက်ကွကျေးရွာ ပျူစောထီးစခန်းအား ဒီဇင်ဘာ ၁၉ ရက် နံနက် ၆နာရီခန့်မှစ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ထိုနေ့ နံနက် ၇နာရီခန့်တွင် တစ်ကြိမ် ၊ နေ့လယ် ၁၂နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း ၄ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီးစခန်းရှိ စစ်ဗိုလ်တစ်ဦး အပါအဝင် အနည်းဆုံး ၁၄ဦးခန့် သေဆုံးကာ ၃၀ဦးခန့် ထိခိုက်ခဲ့သည်ဟု မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“တပ်မ(၁၀၁)က ၁၈ ရက်နေ့က မြိုင်ထဲကိုဝင်တယ်။ အဲဒီစစ်ကြောင်းရောက်နေတဲ့ကာလမှာ သရက်ကွရွာကိုဝင်ဆော်တာ။ သရက်ကွမှာစခကောပျူကော လုံးဝမရှိတော့ဘူး။ရှင်းလင်းပြီးသွားပြီ။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ထို့အပြင် မြိုင်မြို့မှ စစ်ကူလာသည့် အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းကိုလည်း ဖြတ်တောက်တားဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

ထို့နောက် ဒီဇင်ဘာ၂၁ရက်တွင် သရက်ကွပျူစောထီးစခန်းကို အပြီးတိုင် သိမ်းပိုက်ရရှိခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

သရက်ကွရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲကို မြိုင် ပကဖ ၊ပေါက်ပကဖ ၊ (မြိုင် ပေါက် ကမ္မ ) ပကဖတပ်းရင်း အမှတ် ( ၁ ၊ ၂ )တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် (၂ /၆/၇/၁၄/၁၅/၁၇ ) တပ်ရင်းများ ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ PLC တပ်ပေါင်းစု ၊ 8+ စုဖွဲ့မှု ၊ ပခုက္ကူစုဖွဲ့မှုတပ်ရင်း ၊ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ ကိုအောင်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သရက်ကွရွာသည် အာဏာသိမ်းကာလအစောပိုင်းကတည်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများကြီးစိုးရာ ရွာဖြစ်ပြီး မြိုင်မြို့နယ်အတွင်း နာမည်ကျော်ခဲ့သည်။ ထို့ကြောင့် တော်လှန်ရေးအဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရိက္ခါဖြတ်တောက်ရန် လမ်းကြောင်းများအား ပိတ်ဆို့တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်ချိန် မိနစ်(၃၀)ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ တစ်ဦး နေရာတင်သေဆုံး၍ တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု တပ်ရင်း (၃၆၀၁)က အသိပေးသည်။

သတင်း

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များအား တိုက်ခိုက်ရှင်းလင်းမှုနှင့်ပတ်သက်၍ KNU ဗဟိုမှ သတင်းရင်းမြစ်အား မေးမြန်းရာ ဖြစ်စဉ်ကို မသိရသေးဟု ပြောသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ၁၅ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက အသိပေးသည်။

သတင်း

စစ်ကောင်စီသည် ရပ်စောက်မြို့မှတဆင့် အဆိုပါလမ်းကြောင်းအတိုင်း စစ်ကူစေလွှတ်နေခြင်းဖြစ်သည်။