close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် တနင်္သာရီတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များပြုလုပ်

စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းရှိသပိတ်အဖွဲ့များနှင့် ဒေသခံပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ကို ယနေ့ (ဖေဖော်ဝါရီ ၆) ပြုလုပ်ခဲ့သည်။

သတိုး/ People’s Spring

စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းရှိ သပိတ်အဖွဲ့များနှင့် ဒေသခံပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ကို ယနေ့ (ဖေဖော်ဝါရီ ၆) ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရှိ ကျေးရွာတစ်ရွာတွင် လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုက ဦးဆောင်၍ “အထွေ ထွေ ဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့ ” ခေါင်းစဉ်ဖြင့် အာဏာရှင်လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ယင်းမာပင် မြို့တွင်လည်း “အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်း” က “အထွေထွေကြပ်တည်းမှုကို အံတုကြ”

Public Service Announcement

Public Service Announcement

“ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ဆိုသည့် စာသားကိုင်ဆောင်ကာအာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းဆန္ဒပြပွဲတွင်ပါဝင်သူများက “အာဏာရှင်မှန်သမျှ ဆန့်ကျင်ကြ” ၊ “အတုယောင်ရွေးကောက်ပွဲ ကို ဆန့်ကျင်ကြ”၊ “ပြည်သူ့အားသာ အခရာ” စသည့် စာသားများကိုကိုင်ဆောင်၍ အာဏာရှင်ဆန့်ကျင်ကြောင်းပြသခဲ့သည်။

ထို့အတူ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်၍ အာဏာရှင်ဆန်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ယင်းလှုပ်ရှားမှုကို “ကြောက်စိတ်တွေကိုဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား” ဟုခေါင်းစဉ်ပေးထားပြီး အမျိုးသမီး များ ၊ လူငယ်များ နှင့် ဒေသခံများပါဝင်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း ညောင်ကိုင်းပြည်သူ့စစ်ရွာမှ ပျူစောထီးတွေနဲ့ အရာရှိစစ်သည်တွေ လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ထားပြီး အလင်းမဝင်ရင် ထိရောက်စွာအရေးယူသွားမယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၄)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

News Story

ချောင်းဦးမြို့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်က အညာမြို့ငယ်လေးတမြို့ပါ။ သို့ပေသိ နွေဦးတော်လှန်ရေးမှာ ချောင်းဦးမြို့ရဲ့ တော်လှန်ရေးအပေါ်ခံယူချက်၊ ပေးဆပ်ရမှုတွေက မနည်းခဲ့ဘူး။ တော်လှန်ရေးခရီးအစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ချောင်းဦး PDF လေး နှစ်ဦးရဲ့ "ချောင်းဦး PDF ပါခင်ဗျ။ ချောင်းဦး PDF...

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။