close
Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်ရဲစခန်းမှ စျေးဘက်ထွက်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးအား မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ရဲစခန်းမှ စျေးဝယ်ထွက်လာသော စစ်ကောင်စီတပ်သားသုံးဦးကို စျေးအနီးလမ်းပိုင်းတနေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံ ပကဖ အဖွဲ့ဝင် နဂါးနီပြောင်ကျားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံး​ပြုခဲ့သော ပဒေသမိုင်းနှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - နဂါးနီ

■တပ်ကူလာသည့်အဖွဲ့ပါ ထပ်မံမိုင်းဆွဲခံရ

ကျော်ဇော/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ရဲစခန်းမှ စျေးဝယ်ထွက်လာသော စစ်ကောင်စီတပ်သားသုံးဦးကို စျေးအနီးလမ်းပိုင်းတနေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံ ပကဖ အဖွဲ့ဝင် နဂါးနီပြောင်ကျားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၉ ရက်)နံနက် ၉ နာရီခန့်က ငါန်းဇွန်ရဲစခန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦး စခန်းအပြင်ထွက်လာစဥ် စခန်းနှင့် မီတာ ၂၀၀ခန့်အကွာတွင် ပဒေသာမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံး​ပြုခဲ့သော ပဒေသမိုင်းနှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – နဂါးနီ

“ပထမလာတာ နှစ်ယောက်ဗျ။ (စျေးအနီး)အမြဲ ပတ်လေ့ရှိတယ်။ အဲဒီနှစ်ကောင်ကို အရင်(မိုင်း)ဆွဲတာ။ တစ်ယောက်က နေရာမှာတင် ပွဲချင်းပြီး။ နောက်တစ်ယောက်က ခြေနှစ်ဖက်ဖြတ်ရတယ်လို့ သတင်းရထားတယ်”ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ငါန်းဇွန်ရဲစခန်းဘက်မှ စစ်ကားတစ်စီး အင်အား ၈ဦးဖြင့် ထပ်မံရောက်ရှိလာရာ ရုပ်အလောင်းနှင့် ဒဏ်ရာရသူတစ်ဦးအား ကားပေါ်ဆွဲတင်မည်ပြုစဥ် နောက်ထပ်ပဒေသမိုင်းတစ်လုံး ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဦးထိခိုက်သွားကြောင်း ၎င်းက ဆက်ပြောသည်။

“ကားပေါ်ကဆင်းပြီး အလောင်းကောက်တဲ့နှစ်ကောင်ကတော့ ဘာမှပြန်မလုပ်နိုင်တော့ဘူး။ ကျန်တဲ့ကောင်တွေကတော့ ကားပေါ်ကနေ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်တာရှိတယ်” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူက ရှင်းပြသည်။

စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူသုံးဦးအနက် တစ်ဦးမှာ မင်းနေကုန်းစခန်းမှ ရဲတပ်သား လင်းအောင်ဆိုသူဖြစ်ပြီး ၎င်းအား မြို့သာဆေးရုံသို့ ပို့ဆောင်၍ ကျန်နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း အင်အား ၄၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်၏ မင်းနေကုန်းရွာ စစ်တပ်စခန်းကို နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံမှ SHAR HTOO WAW နည်းပညာသုံး Fixed Wings ဒရုန်းနှစ်စင်းဖြင့် ၁,၃၀၀ ဂရမ်ရှိ ဗုံးသီးသုံးလုံး၊ ၆၀၀ ဂရမ်ရှိ ဗုံးသီးသုံးလုံး ပေါင်းဗုံးသီးခြောက်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သေးသည်။

လတ်တလောစစ်ရေးအခြေအနေများအရ ငါန်းဇွန်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သောနေရာများကိုရှောင်ရှားသွားလာကြရန် နဂါးနီပြောက်ကျား တပ်ဖွဲ့က အသိပေးကြေညာထားသည်။

(ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံး​ပြုခဲ့သော ပဒေသမိုင်းနှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – နဂါးနီ)

ဆက်စပ်သတင်းများ

Facebook