close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရောက်မြန်မာလုပ်သားများ စာချုပ်ပါစည်းကမ်းချက်များ ချိုးဖောက်ခံရ၍ မြန်မာသံရုံးရှေ့ ဆန္ဒပြ

နှစ်နိုင်ငံသဘောတူစာချုပ်(MOU)စနစ်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်သည့် မြန်မာလုပ်သား ၃၀ကျော်သည် အလုပ်ပုံမှန်မဆင်းရဘဲ စာချုပ်ပါစည်းကမ်းချက်များ ချိုးဖောက်ခံနေရ၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ (ဖေဖော်ဝါရီ ၁၀ရက်) ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီစောင့် ရှောက်ပေးနေသည့် AAC မဟာမိတ်မှကိုရဲမင်းက ပြောသည်။

MOUလုပ်သားများ ဆန္ဒပြတောင်းဆိုနေစဉ်။ ဓာတ်ပုံ - Ye Min/FB

တေဇ/People’s Spring

နှစ်နိုင်ငံသဘောတူစာချုပ်(MOU)စနစ်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်သည့် မြန်မာလုပ်သား ၃၀ကျော်သည် အလုပ်ပုံမှန်မဆင်းရဘဲ စာချုပ်ပါစည်းကမ်းချက်များ ချိုးဖောက်ခံနေရ၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ (ဖေဖော်ဝါရီ ၁၀ရက်) ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီစောင့် ရှောက်ပေးနေသည့် AAC မဟာမိတ်မှကိုရဲမင်းက ပြောသည်။

“သံရုံးဘက်ကတော့ အေဂျင်စီကိုပဲလွှဲချတယ်။ ဆန္ဒမပြဖို့ပြောပြီး ထိရောက်စွာဖြေရှင်းမပေးဘူး။ဒီကိစ္စအတွက် ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ ဆက်ပြီးလုပ်ဆောင်သွားမယ်”ဟု ၎င်းကပြောသည်။

အဆိုပါ မြန်မာလုပ်သားများသည် MOU စနစ် ဖြင့်လာရောက်ကာ ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်ရှိ ပါကေးစက်ရုံတွင် အလုပ်လုပ်နေခြင်းဖြစ်ပြီး သုံးလအတွင်း အလုပ်ဆင်းရက် ၃၀ရက်ခန့်သာရှိပြီး အလုပ်နားရက်များအတွက် ဥပဒေတွင်ပါသည့် ၇၅ ရာခိုင်နှုန်းခံစားခွင့် မရသောကြောင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်တွင်းက စိမ့်အာကာကုမ္ပဏီကို ဒီအလုပ်သမားတွေက တစ်ယောက်ကို ကျပ် သိန်း၆၀ ၊ ၇၀ဝန်ဆောင်ခပေးထားတာ ။ ဒါကို ကုမ္ပဏီဘက်ကလည်း တာဝန်မယူဘူး။”ဟု ကိုရဲမင်းက ပြောသည်။

လက်ရှိတွင် အလုပ်ထပ်မံပြောင်းရွှေ့နိုင်ရန်ဟုဆိုကာ စိမ့်အာကာကုမ္ပဏီက အလုပ်သမားအနေဖြင့် ရပိုင်ခွင့်အပြည့်အဝရ‌ရှိသည်ဆိုသည့် စာချုပ်ကိုဖိအား‌ပေး၍ လက်မှတ်ထိုးခိုင်းနေကြောင်း ၎င်းက ဆိုသည်။

“ဒီကိစ္စမှာထိုထိုင်းဘက်က အလုပ်သမားသံအရာရှိ‌တွေက အဓိကတာဝန်ရှိတာ။ သူတို့က ဒီစက်ရုံက အလုပ်သေချာလုပ်မလုပ်လည်းမစုံစမ်းပဲ လက်မှတ်ထိုးပေးတာ။ အလုပ်သမားတစ် ယောက်ကို ဘတ် ၅၀၀ ၊ ၆၀၀ယူတာ”ဟု ကိုရဲမင်းက ပြောသည်။

ထို့ကြောင့် ယင်းကိစ္စအတွက် ထိုင်းနိုင်ငံ၏ ဥပဒေအတိုင်း အလုပ်သမားများဘက်မှ‌ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဟု ကိုရဲမင်းကပြောသည်။

(MOUလုပ်သားများ ဆန္ဒပြတောင်းဆိုနေစဉ်။ ဓာတ်ပုံ – Ye Min/FB)

ဆက်စပ်သတင်းများ

Facebook