close
Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် လွိုင်ကော်မှအပ ကျန်မြို့နယ် ၁၆ခုတွင် မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားဟု IEC အသိပေး

ကရင်နီပြည်နယ်တွင် လွိုင်ကော်မြို့နယ်မှအပ ကျန်ရှိသော မြို့နယ် ၁၆ခုတွင် မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းနိုင်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က အသိပေးသည်။

ကရင်နီပြည်နယ် တစ်နေရာရှိ ပြည်နယ်အဝင် ဆိုင်းဘုတ်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်တွင် လွိုင်ကော်မြို့နယ်မှအပ ကျန်ရှိသော မြို့နယ် ၁၆ခုတွင် မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းနိုင်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးသည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)၊ဌာနများ၏​၂၀၂၄ တစ်နှစ်တာ လုပ်ငန်းဆောင် ရွက်ချက်များကိုလည်း ယနေ့(ဖေဖော်ဝါရီ ၁၀ ရက်) ထုတ်ပြန်ထားသည်။

ထိုအပြင် IEC၏ ပြည်ထဲရေးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲက ကရင်နီပြည်နယ်အတွင်းရှိ ဟူဘော၊ ကေးလျား၊ ဒီးမော့ဆို(အရှေ့)၊ ဖွံဘော်ခွတ်၊ ဆိုမို/ဖေစိုးလေး၊ ဟိုယာ၊ ဆိုတရှား၊ လွိုင်နန်းဖ၊ ဒီးဘောင်းခူ၊ နန်းမယ်ခုံ၊ မယ်စဲ့၊ ပေါ်ဝေါ်၊ ဘောဟူဒဲ၊ လိုမူခို၊ ရွာသစ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခင်က စစ်ကောင်စီ၏ သတ်မှတ်ချက်တွင် ကရင်နီပြည်နယ်၌ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ရှားတော၊ဘောလခဲ၊မယ်စဲ့နှင့် ဖားဆောင်း ခုနစ်မြို့နယ်သာ ရှိသည်။

“ကျွန်တော်တို့ရဲ့ ဖက်ဒရယ်ပုံစံက မပြည့်စုံသေးဘူး။ကျွန်တော်တို့ကြိုးစားနေတဲ့ Bottom Up ဖက်ဒရယ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲရှိပါသေးတယ်။တစ်နှစ်ခွဲဆိုတဲ့ ကာလပေါ့။အခြါးတစ်ဖက်မှာလည်း ကျွန်တော်တို့ သည် လုပ်ရင်းနဲ့သင်၊သင်ရင်းနဲ့လုပ်နေရတဲ့ ကာလရှိပါသေးတယ်။ပြီးပြည့်စုံတာတော့ မရှိသေးဘူး။အဲဒီအ တွက်ကြောင့်လည်း ဆက်ပြီးတော့ အားပေးကြပါ။ဝန်းရံပေးကြပါ”ဟု IEC အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် ကရင်နီပြည်နယ်တွင်နေထိုင်သည့် ပြည်သူများအနေဖြင့် IEC၏ တစ်နှစ်ခွဲကာလသက်တမ်း တွင် မြို့နယ်ကျေးရွာမှ ပြည်နယ်အဆင့်ထိ တက်ညီလက်ညီ ဖြင့် ကူညီခဲ့ကြပြီး ဝေဖန်ထောက်ပြမှုအပေါ် များစွာကျေးဇူးတင်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

IEC ၏ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိလူ ဝင်မှုကြီးကြပ်ရေး ဌာနစိတ်ကလည်း ကရင်နီပြည် နယ်တွင်းနေထိုင်သူများနှင့် အခြားပြည်နယ်နှင့်တိုင်း နေ ထိုင်သူများ၏ စည်ကမ်းနှင့် မညီညွတ်ဘဲ သွားလာမှုများကို စိစစ်ဖော်ထုတ်အရေးယူခြင်း၊ နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှုကို ဥပဒေနှင့် အညီ ကြပ်မတ်ထိန်းသိမ်းခြင်းနှင့် မြို့နယ် (၁၇)မြို့နယ်တွင် လူဦးရေစာရင်းများ ကောက်ယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း အသိပေးသည်။

တရားဥပဒေစိုးမိုးရေးအတွက် မူးယစ်ဆေးဝါး၊လူသတ်၊မုဒိမ်းနှင့် အကြမ်းဖက်စစ်ကောင်စီ နှင့်သက် ဆိုင်သည့် အမှုပေါင်း ၁၅၀ခန့်ကို အရေးယူခဲ့ကြောင်းလည်း သိရသည်။

အခွန်ငွေ၊နိုင်ငံတကာအဖွဲ့အစည်းများမှ ဝင်ငွေ၊အမျိုး သားညီညွတ်ရေးအစိုးရက ထည့်ဝင်ငွေနှင့် အခြားရရှိငွေအဖြစ် ၂၀၂၄ အတွင်း IEC ကရရှိသည့် ဝင်ငွေစုစုပေါင်းတွင် ကျပ်သိန်းပေါင်း ငါးသောင်းခွဲကျော်ကို ပြည်ထဲရေးနှင့် လူသားချင်းစာနာမှု နှင့် ပြည်လည်ထူထောင်ရေး ကဏ္ဍများ၌ အများဆုံးအသုံးပြုခဲ့ကြောင်းလည်း စာရင်းရှင်းလင်းထားသည်။

အာဏာသိမ်းစစ်တပ်ကို တော်လှန်မှုတွင် ကရင်နီပြည် နယ်တပ်ပေါင်းစုများအနေဖြင့် မယ်စဲ့၊ရှားတော မြို့ နယ်များကို အလုံးစုံသိမ်းပိုက်ထားကာ ဘောလခဲ၊ဒီးမော့ဆို၊ဖရူဆို၊ဖားဆောင်းမြို့တို့ကို ထိန်းချုပ်ထား သည်။

လက်ရှိတွင် ကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားသော မိုးဗြဲမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဘောလခဲမြို့​ပေါ်မှာ အချိန်မ​ရွေးတိုက်ပွဲ​တွေဖြစ်လာတဲ့နိုင်ပြီး ဒေသခံပြည်သူ​တွေအ​နေနဲ့ ၁၀ ရက်အတွင်း​ရွေ့​ပြောင်းကြဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သတိ​ပေးလိုက်ပါတယ်။

သတင်း

မိုးဗြဲမြို့အခြေစိုက်ခြေမြန်တပ်ရင်း အမှတ်(၄၂၂) တပ်စခန်းအနီးတိုက်ပွဲများမှာ နိုဝင်ဘာတစ်လလုံးနှင့် ယခုဒီဇင်ဘာအထိရှိနေသည်ဟု ဆိုသည်။

သတင်း

စစ်ရှောင်အမျိုးသမီးများ၊ကလေးသူငယ်များ နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထောက်အပံ့များလိုအပ်နေသည်ဟု ဆိုသည်။

ဆောင်းပါး

မိသားစုတွင်း စီးပွားရေးကြပ်တည်းမှုကစလို့ ၁၃ နှစ်သား ကျော်နန္ဒာဝင်း(ခ) ဖိုးဇော် တစ်ယောက် သူရဲ့မွေးရပ်မြေကို စွန့်ခွာဖို့ အရဲစွန့်လိုက်ပါတယ်။

Facebook