close
Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်ကူးည ကျုံးဘေးမှာ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ မန်းစည်ပင်ပြင်ဆင်နေ

နှစ်သစ်ကူးည လူစည်ကားစေဖို့ မန္တလေးမြို့ရှိ လမ်းမနေရာအများအပြားမှာ ဆိုင်ဘုတ်ထောင်ပြီး လိုက်လံကြေငြာ နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နှစ်သစ်ကူးည ကျုံးဘေးမှာ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ မန်းစည်ပင်ပြင်ဆင်နေ
နှစ်သစ်ကူးည ကျုံးဘေးမှာ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ မန်းစည်ပင်ပြင်ဆင်နေ

ဆိုင်းမင်း/People’s Spring

လာမယ့်နှစ်သစ်ကူးည အတွက် မန္တလေးကျုံးဘေးမှာ ပျော်ပွဲရွှင်ပွဲပြုလုပ်ဖို့ မန္တလေးစည်ပင်သာယာက စီစဥ်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ကျုံးတောင်ဘက်ခြမ်း ၆၆လမ်းနဲ့ ၂၆လမ်းထောင့်မှာ နှစ်သစ်ကူး Countdown ပွဲ ပြုလုပ်မှာဖြစ်ပြီး နိုင်ငံကျော်အဆိုတော်တွေပါဝင်မယ်လို့ မန္တလေးစည်ပင်ပိုင် သတင်းစာကနေ တဆင့်ကြေညာထားတာဖြစ်ပါတယ်။

” သတင်းစာကနဘယ်သူတွေလာမယ်ဆိုတာ ဆက်တိုက်ကြော်ငြာနေတာ၊ လူစည်ကားကြောင်းတမင်ပြချင်နေတာ”လို့ မန္တလေးမြို့ခံတစ်ဦးကပြော ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ လက်အောက်ခံ မန္တလေးစည်ပင်တို့ပူးပေါင်းပြီး နှစ်သစ်ကူးပွဲကို ပြုလုပ်မှာပါ။

အဲဒီပွဲမှာ အဆိုတော်နဲ့သရုပ်ဆောင်တွေကိုလည်း ငွေကြေးအကုန်ကျခံငှားရမ်းထားတယ်လို့ သိရပါတယ်။

နှစ်သစ်ကူးည လူစည်ကားစေဖို့ မန္တလေးမြို့ရှိ လမ်းမနေရာအများအပြားမှာ ဆိုင်ဘုတ်ထောင်ပြီး လိုက်လံကြေငြာ နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်တဲ့ မန္တလေးမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တရားဉပဒေစိုးမိုးမှု ပျက်ပြားနေပြီး လူသတ်မှု ၊ ဓားပြမှု၊ လုယက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

ဒါအပြင် စစ်တပ်အတွက် လူအင်အားလိုတာကြောင့် လူငယ်အမျိုးသားတွေကို ပေါ်တာဆွဲတာတွေရှိနေပြီး ညအချိန်မှာလည်း လူသွားလူလာပြတ်လပ်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မတ္တရာမြို့နယ်အတွင်းရှိ အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း မန္တလေး PDFက အသိပေးသည်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားနေပြီး စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ကျူးလွန်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒီစာရင်းက လက်ရှိ ဒီဇင်ဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၁၅ ၇က်အထိ ဖြစ်ပြီး လူငယ်၁၂၅ ဦးဖမ်းခံရတာလို့ သပိတ်အင်အားစုက စာရင်းပြုစုထားပါတယ်။

သတင်း

မန္တလေး-မုံရွာလမ်းပေါ်က မြပုလဲဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်တပ်က ယခုလို ပြည်သူတွေကို မိုင်းရှာခိုင်းခဲ့တာလို့ သိရပါတယ်။

Facebook