ရဲခေါင်/People’s Spring
မွန်ပြည်နယ်၊ အင်္ဂဘိုတာဝါတိုင်စခန်းတွင် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ငါးဦးသေဆုံးကာ တစ်ဦးမှာ လက်နက်များယူထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသရှိ ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။
ဒီဇင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဥ်ကြောင့် စစ်ကောင်စီတပ်မှာ အင်္ဂဘို တာဝါတိုင်စခန်းအနီးဝန်းကျင်ကို ယနေ့(ဒီဇင်ဘာ ၃၀ရက်)နံနက်အစောပိုင်းကတည်းက စစ်ကား ငါးစီးဖြင့် လိုက်လံရှာဖွေမှုများရှိနေသည်ဟု ဆိုသည်။
“အခင်းဖြစ်နေရာမှာ ဒီမနက် ခွေးတွေ ကားငါးစီးနဲ့ ပတ်နေတယ်။စခ အချင်းချင်းပစ်ကြတာပါ။ဘာကြောင့်လဲ ကျနော်တို့ မသိရသေးဘူး။ဖြစ်ပြီး ညပိုင်းမှ သိရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
ဒေသခံများ၏ သတင်းပို့ချက်အရ အင်္ဂဘိုတာဝါတိုင်စခန်းတွင် စစ်ကောင်စီတပ်သား ခြောက်ဦး ရှိပြီး အခင်းဖြစ်စဥ်တွင် ငါးဦးသေဆုံးပြီး ကျန်တစ်ဦးမှာ လက်နက်များယူ ဆောင်ထွက်ပြေးသွားကြောင်း အသိပေးသည်။
ကျိုက်ထိုမြို့နယ်၊အင်္ဂဘိုရွာရှိ တာဝါတိုင်စခန်းသည် Mytel ဆက်သွယ်ရေးတာဝါတိုင်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ Mytel တာဝါတိုင်များ ဖြိုချခံရမှုကြောင့် စစ်ကောင်စီတပ်သားများလုံခြုံရေးယူ ထားခြင်းဖြစ်သည်။
